ယနေ့ထွက်ရှိလာတဲ့ Firefox Quantum Browser မှာ Default Search Engine နေရာကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ 'Google'

date_range 15 November 2017

ယနေ့ထွက်ရှိလာတဲ့ Firefox Quantum Browser မှာ Default Search Engine နေရာကို ပြန်လည်သိမ်းပိုက်လိုက်တဲ့ 'Google'

visibility 680 Views

                Mozilla ဟာ ပုံမှန် Firefox Browser ထက် ၂ ဆ ပိုမြန်တဲ့ ‘Firefox Quantum’ Browser ကို အရင်လ (၂) ရက်နေ့က Beta Version အဖြစ် စတင်ထုတ်ပေးခဲ့ပါတယ်။ ယနေ့ နိုဝင်ဘာ (၁၅) ရက်နေ့မှာတော့ Firefox Quantum Browser ဟာ Beta အဆင့်ကနေ ကျွတ်လွတ်ကာ၊ Official Version အဖြစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။


                Firefox Quantum Browser မှာ အထူးခြားဆုံးလို့ ပြောလို့ရတဲ့ ပြောင်းလဲမှုတစ်ခုကတော့ အရင် Firefox Browser တွေလို Default Search Engine က ‘Yahoo’ မဟုတ်တော့ဘဲ US နဲ့ တစ်ချို့နိုင်ငံတွေမှာ ‘Google’ ဖြစ်သွားတာပါ။

                Mozilla ဟာ Yahoo ကို ပိုင်ဆိုင်တဲ့ Verizon Communication Inc နဲ့ စာချုပ် ထပ်မံမချုပ်ဆိုတော့တာကြောင့် Quantum Browser မှာ ‘Yahoo’ ကို Default Search Engine ကနေ ဖြုတ်ပစ်လိုက်တာဖြစ်ပြီး၊ ပြိုင်ဘက် Chrome Browser ရဲ့ ‘Google’ ကို ပြောင်းလဲထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ Mozilla အနေနဲ့ Firefox Quantum Browser ရဲ့ Default Search Engine နေရာအတွက် Google ဆီက ငွေဘယ်လောက်ရခဲ့လဲဆိုတာကတော့ သေချာမသိရသေးပါဘူး။ ( Browser တွေရဲ့ ဝင်ငွေရှာပုံအကြောင်းကို ယခုဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။)

                Google ဘက်ကလည်း ယခုပြောင်းလဲမှုကို အတည်ပြုပေးခဲ့ပေမယ့်၊ စာချုပ်သက်တမ်းနဲ့ ငွေပမာဏတို့ကတော့ မပြောခဲ့ပါဘူး။ Google ဟာ Device တိုင်း, Platform တိုင်းမှာ Default Search Engine အဖြစ် ရှိဖို့အတွက် ငွေပမာဏအမြောက်အများ အကုန်အကျခံကာ ကြိုးပမ်းလျက်ရှိပြီး၊ iOS ရဲ့ Default Search Engine ရဖို့အတွက်ကို တစ်နှစ် ဒေါ်လာ (၃) ဘီလီယံလောက် သုံးလျက်ရှိတာကြောင့်၊ Mozilla အတွက် သုံးမယ့်ငွေကလည်း နည်းမှာတော့မဟုတ်ပါဘူး။

                Mozilla ရဲ့ စီးပွားရေးနည်းဗျူဟာအတိုင်း Firefox Quantum Browser ရဲ့ Default Search Engine က ရုရှား၊ တူရကီ၊ ဘီလာရုစ်နဲ့ ကာဇစ်စတန်နိုင်ငံတွေမှာတော့ Yandex Browser ရှိနေမှာဖြစ်ပြီး၊ တရုတ်နိုင်ငံမှာတော့ Baidu က Default ဖြစ်ပါလိမ့်မယ်။ တစ်ကမ္ဘာလုံးက ကျန်တဲ့နိုင်ငံတွေအကုန်လုံးမှာတော့ Google ပဲ Default ဖြစ်မှာပါ။

                Firefox Quantum Browser မှာ Default Search Engine က ‘Google’ ဆိုပေမယ့် Settings ထဲကနေတော့ တခြား Browser ကို သွားပြောင်းပေးလို့ရပါတယ်။ လူအများစုကတော့ Default အတိုင်းပဲ သုံးကြတာများတော့ Browser တွေရဲ့ Default Search Engine နေရာရဖို့က တော်တော်စျေးကြီးနေတာ ဖြစ်ပါတယ်။

                Google ဟာ ၂၀၁၄ ခုနှစ် မတိုင်မီအထိ၊ Firefox မှာ Default Search Engine အဖြစ် ဆယ်စုနှစ်တစ်ခုခန့် ရှိနေခဲ့ပေမယ့်၊ ၂၀၁၄ ခုနှစ်မှာတော့ Yahoo CEO ဟောင်းဖြစ်တဲ့ Marissa Mayer က Mozilla နဲ့ (၅) နှစ် စာချုပ် အရ ချုပ်နိုင်ခဲ့တာကြောင့် Google အနေနဲ့ ဥရောပမှာပဲ Default နေရာရခဲ့ပြီး၊ US အပါအဝင် တစ်ချို့နိုင်ငံတွေမှာ Yahoo က နေရာယူနိုင်ခဲ့ပါတယ်။ အခုတော့ Region အများစုကို Google ကပဲ ပြန်လည်သိမ်းပိုက်တော့မယ်လို့ ယူဆရပါတယ်။

References
Gadgets 360
About Author
Assinged Tags
Google Browser Search Engine Firefox Default Mozilla Default Search Engine Mozilla Corporation firefox_quantum
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed