ပုံမှန် Firebox Browser ထက် ၂ ဆလောက် ပိုမြန်လာတဲ့ Firefox Quantum

date_range 02 October 2017

ပုံမှန် Firebox Browser ထက် ၂ ဆလောက် ပိုမြန်လာတဲ့ Firefox Quantum

visibility 1400 Views

                Firefox ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Quantum Project ကို စတင်ပြုလုပ်ခဲ့ပြီး၊ အခုအချိန်မှာတော့ Firefox Developer Edition လို့ ခေါ်ရမယ့် Firefox Quantum ကို စတင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

                အခု ဒီ Firefox Quantum Browser ဟာ Mozilla အတွက် အကြီးမားဆုံးအပြောင်းအလဲတစ်ခုဖြစ်လာပြီး၊ Speedometer 2.0 Benchmark မှာ ယခင် Firefox Browser Version 52 Stable ထက် ၂ ဆကျော် ပိုမိုမြန်ဆန်လာတယ်လို့ ဆိုပါတယ်။


                အခုလိုမျိုး Firefox Quantum Browser က အလွန်မြန်ဆန်နေတာက လက်ရှိအမြန်ဆုံး Browser တစ်ခုဖြစ်တဲ့ Google Chrome အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Google Chrome က RAM စားသုံးမှုများပြားတဲ့ Browser တစ်ခုအနေနဲ့ လူသိများပြီး အခု Mozilla ရဲ့ Firefox Quantum Browser ဟာဆိုရင် လက်ရှိ Google Chrome ထက် RAM စားသုံးမှု ၃၀ ရာခိုင်နှုန်းပိုပြီး သက်သာတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ပုံမှန် RAM 4GB လောက်ပဲ ပါဝင်တဲ့ကွန်ပျူတာတွေအနေနဲ့ Google Chrome အစား Mozilla Firefox Quantum က ပိုပြီး စက်ကို မလေးစေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

                Mozilla ရဲ့ အပြောအရတော့ Quantum ကို အခုလိုမျိုးမြန်ဆန်စေတာက Mozilla ရဲ့ Memory စားသုံးမှုများပြားတဲ့ Process တွေကို CPU ရဲ့ Cores တွေကို ဖြန့်ပြီး ဆောင်ရွက်နိုင်တဲ့ 'Rust' Programming Language မှာပါဝင်လာတဲ့ CSS Engine အသစ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် Firefox Quantum ဟာ Priorities Tabs, အသုံးပြုနေတဲ့ Tabs တွေကို Background မှာ Run နေတဲ့ Tabs တွေထက်ပိုပြီး ဦးစားပေးမှာဖြစ်ပါတယ်။ Mozilla က သူရဲ့ Software Team ဟာ Browser ရဲ့ Speed ကို နှေးကွေးစေတဲ့ Bugs ပေါင်း ၄၆၉ ခုကိုဖယ်ရှားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ 


                ပိုပြီးမြန်ဆန်လာတဲ့ အမြန်နှုန်း နဲ့ ပိုကောင်းလာတဲ့ RAM Management တွေအပြင် Mozilla Quantum မှာ အခြားသောပြောင်းလဲမှုတွေလည်း ပါဝင်လာပါသေးတယ်။ Browser ရဲ့ Menu နဲ့ Tabs Design တွေကို ပြောင်းလဲခဲ့ပြီး Bookmarks, Downloads နဲ့ History တို့ကို Library အနေနဲ့ ပေါင်းထားပါတယ်။ နောက်ပြီး Resolution မြင့်မားတဲ့ High-DPI Display တွေနဲ့ ပိုပြီး အဆင်ပြေလာမယ့် Minimalist Look ပြောင်းလဲသွားတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း Mozilla Firefox ရဲ့ ယခင် Design ကို ကြိုက်တယ်ဆိုရင်လည်း Preferences ကနေ တစ်ဆင့် ပြန်ပြီးပြောင်းလဲနိုင်မှာဖြစ်ပါတယ်။


                Mozilla Firefox Quantum ကို Beta အနေနဲ့ Linux, MacOS, Windows, Android နဲ့ iOS အစရှိတဲ့ Major Operating System အကုန်လုံးမှာ ယခု Link ကနေ စတင်ရယူနိုင်နေပြီဖြစ်ပါတယ်။ 

                တကယ်လို့ Beta Version ကို အသုံးမပြုချင်ဘူးဆိုရင်လည်း လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ General Release အနေနဲ့ Stable ကို ထုတ်သွားမှာဆိုတော့ အကြာကြီးစောင့်ဆိုင်းစရာမလိုလောက်ပါဘူး။ နောက်ဆုံးတော့ Mozilla Browser ဟာ Google Chrome ထက် ပိုပြီး မြန်ဆန်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။


References
Engadget
About Author
Assinged Tags
Browser Firefox Mozilla firefox_quantum Quantum Project
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed