Windows 10 ရဲ့ နောက်ဆုံး Fall Creators Insider Update မှာ AirDrop ပုံစံ PC အချင်းချင်း File Sharing ပြုလုပ်နိုင်တဲ့ Near Share Feature ပါဝင်လာ

date_range 13 November 2017

Windows 10 ရဲ့ နောက်ဆုံး Fall Creators Insider Update မှာ AirDrop ပုံစံ PC အချင်းချင်း File Sharing ပြုလုပ်နိုင်တဲ့ Near Share Feature ပါဝင်လာ

visibility 440 Views

                Microsoft ကနေ Apple ရဲ့ File Sharing Feature တစ်ခုဖြစ်တဲ့ AirDrop နဲ့ တူညီတဲ့ Feature တစ်ခုကို အခုနောက်ဆုံး Windows 10 Fall Creators Insider Update (Build No. 17035) မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ 

                Microsoft က ယခု Feature ကို "Near Share" လို့ နာမည်ပေးထားပြီး Apple ရဲ့ AirDrop လိုမျိုးပဲ Documents တွေ ဓါတ်ပုံတွေကို အနီးအနားက ကွန်ပျူတာကို Bluetooth ဒါမှမဟုတ် Wifi နဲ့ ပေးပို့သွားမှာဖြစ်ပါတယ်။ အဆိုပါ Near Share Feature ကို အပိတ်အဖွင့်ပြုလုပ်ဖို့အတွက် Setting ထဲထိ သွားစရာမလိုအပ်ပဲ Notification Center မှာ အသစ်ပါဝင်လာတဲ့ Near Share Button ကနေ အသုံးပြုနိုင်မှာပါ။ 


                File တွေကို Share တဲ့အချိန်မှာတော့ Windows 10 ရဲ့ Share Function ကနေပဲ အသုံးပြုရမှာဖြစ်ပြီး ပေးပို့လာတဲ့ Files တွေကို ဘယ်နေရမှာထားမယ်၊ ဘယ် Devices တွေကနေ Share တာကို လက်ခံမယ်ဆိုတာကိုလည်း Setting - System - Shared experiences မှာ နှစ်သက်သလို ပြင်ဆင်နိုင်ဦးမှာဖြစ်ပါတယ်။ 


                အခုလိုမျိုး Files Sharing ပြုလုပ်နိုင်တာက File Size ကြီးတဲ့ File တွေဆိုရင်တော့ ပေးပို့ရတဲ့အချိန်ကြာတယ်ဆိုပေမယ့် သာမန် Word, Excel File တွေနဲ့ ဓါတ်ပုံတွေ ပေးပို့တဲ့နေရာမှာတော့ အလွန်လွယ်ကူတာကိုတွေ့ရပါတယ်။ တစ်ခုရှိတာကတော့ လောလောဆယ်မှာ Insider Update မှာပဲရရှိသေးတာဖြစ်တဲ့အတွက် အခုအချိန်မှာ Near Share Feature ကို အသုံးပြုချင်တယ်ဆိုရင် အသုံးပြုမယ့် ကွန်ပျူတာတွေက Insider Update Version 17035 ကို Update လုပ်ထားဖို့ လိုအပ်မှာပါ။ တိုက်ဆိုင်တာလို့ ပြောရမယ့်အချက်က Google ကလည်း Android ဖုန်းအချင်းချင်း AirDrop လိုမျိုး File Sharing ပြုလုပ်နိုင်တဲ့ Feature ပါဝင်တဲ့ Files Go App ကို Google Play Store မှာ Beta Version အနေနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ 

                Microsoft က ယခု Insider Update မှာ Microsoft Edge Browser ကိုလည်း အနည်းငယ် Update ပြုလုပ်ပေးခဲ့ပြီး အခုအချိန်မှာ Edge Browser Tab တွေကို Mute ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။


References
The Verge
About Author
Assinged Tags
Microsoft Windows 10 Fall Creators Update Windows Insider AirDrop File Sharing Windows File Sharing Near Share Insider Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed