Files Go လို့ခေါ်တဲ့ File Manager App တစ်မျိုးကို Google ကနေ မိတ်ဆက်ပေးလာဖွယ်ရှိ

date_range 08 November 2017

Files Go လို့ခေါ်တဲ့ File Manager App တစ်မျိုးကို Google ကနေ မိတ်ဆက်ပေးလာဖွယ်ရှိ

visibility 720 Views

                ကျွန်တော်တို့အနေနဲ့ Pure Android ကိုအသုံးပြုတယ်ဆိုရင် စိတ်ညစ်စရာကောင်းတဲ့အချက်တစ်ခုကတော့ File Manager App ကောင်းကောင်းတစ်ခု မပါဝင်လာတတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြား OEM တွေအနေနဲ့ မိမိတို့ စမတ်ဖုန်းအတွက် ကိုယ်ပိုင် File Manager App တွေကို Pre-Installed ထည့်သွင်းပေးတတ်ကြပါတယ်။ Android 4.4 KitKat ကနေ စတင်ပြီးတော့ Documents ဆိုတဲ့ App တစ်ခုပါဝင်လာခဲ့ပေမယ့်၊ File Manager Permissions တွေအတွက်နဲ့ Basic File Management Function တွေကလွဲလို့ File Manager App တစ်ခုအသွင် ပြောင်းလဲလာခဲ့ခြင်းမရှိပါဘူး။


            လက်ရှိအချိန်မှာတော့ Google ဟာ Files Go ဆိုတဲ့ Smart File Manager တစ်ခုကို စမ်းသပ်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရှိထားပါတယ်။ Google ဟာ Files Go လို့ခေါ်တဲ့ Smart File Manager ကို Google Play ပေါ်မှာ မတော်တဆ Upload လုပ်မိရာကနေ သိရှိခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒီ Files Go Manager အတွက် Play Store Link ကိုပိတ်ပင်လိုက်ပြီ ဖြစ်ပြီးတော့ Error 404 ပဲပြနေတော့မှာပါ။

            Play Store Description အနေနဲ့ Files Go ရဲ့ Features တွေကိုတော့ အောက်မှာပြထားတဲ့အတိုင်း ရေးသားထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

- Help you free up more space in many more ways than before.
- Suggest removing apps you no longer use to keep your phone fast & feeling new.
- Recognize and help you remove the spam & duplicate images.
- Find your important documents without cumbersome and manual effort.
- Share your files offline – fast & secure – with the tap of a button.

                Files Go မှာတော့ မလိုချင်တဲ့ Items တွေ၊ Files တွေ Duplicate ဖြစ်နေတာ စတာတွေကို ဖယ်ရှာပေးနိုင်မှာဖြစ်ပြီး၊ မိမိအသုံးမပြုတော့တဲ့ Apps တွေကိုလည်း ဖယ်ရှားပစ်ဖို့ အကြံပြုချက်တွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Features တွေဟာ အခြား OEM တွေရဲ့ File Manager App တွေမှာလည်း ပါဝင်ပြီးသားဖြစ်တာမို့ အထူးတဆန်းကြီးတော့ မဟုတ်ပါဘူး။

                Files Go ဟာ အခြား Smart File Manager တွေနဲ့မတူတဲ့အချက်က File Sharing Feature အသစ်ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒီ File Sharing Feature ကို Hotspot အသုံးပြုပြီး လုပ်ဆောင်နိုင်မယ်လို့ သိရှိရပါတယ်။ အခြား File Sharing App တွေဖြစ်တဲ့ Zapya၊ Xender နဲ့ SHAREit တို့ရှိပေမယ့်လည်း အခုလိုမျိုး File Manager မှာ တစ်ပါတည်းပါဝင်လာတဲ့အတွက် File Sharing App တွေသက်သက် အသုံးပြုစရာမလိုတော့တာကြောင့် မဆိုးဘူးလို့ ပြောလို့တော့ရပါတယ်။

                လက်ရှိအချိန်မှာတော့ Files Go File Manager App ကို Play Store ကနေ မရယူနိုင်သေးပေမယ့် စမ်းသပ်အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ APKMirror Link ကနေ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။


References
XDA Developers
About Author
Assinged Tags
Google Android Android App Files Go File Manager Smart File Manager
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed