အမြင့်ပေ (၃၅၀၀၀) မှာ ပျံသန်းနေတဲ့ Boeing 747 လေယာဉ်တစ်စင်းပေါ်မှ လေယာဉ်မှူးဟာ အဲ့ဒီ့ လေယာဉ်ရဲ့ အပေါ်ဘက် ပေ (၁၀၀၀) အကွာမှာ ရှိတဲ့ Singapore Airlines လေယာဉ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံကို Singapore Airlines လေယာဉ်မှူးထံသို့ iPhone ရဲ့ AirDrop ကို အသုံးပြုကာ ပေးပို့နိုင်ခဲ့ပါတယ်။
အဲ့ဒီ့လို ပေးပို့ခဲ့ပုံကို ရိုက်ကူးထားတဲ့ Video ကို Boeing 747 လေယာဉ်မှူးက YouTube မှာ တင်ပေးခဲ့တာဖြစ်ပြီး အချိန်ခဏလေးအတွင်းမှာပဲ ပျံနှံ့သွားခဲ့ပါတယ်။ သူဟာ လေယာဉ်တွေပျံသန်းနေပုံကို ကိုင်တိုင် ရိုက်ကူးထားတဲ့ Video တွေကိုလည်း LouB747 အမည်နဲ့ YouTube မှာ တင်ပေးလေ့ရှိပါတယ်။
ဓာတ်ပုံကို လက်ခံရယူခဲ့တဲ့ Device ဟာ “SingTriple7” လို့ အမည်ပေးထားတာကို တွေ့မြင်ရတာကြောင့် Singapore Airlines ရဲ့ Boeing 777 လေယာဉ်ပေါ်က Flight Book အဖြစ်အသုံးပြုတဲ့ iPad ဖြစ်နိုင်ပါတယ်။ လေယာဉ်နှစ်စင်းအကြား ရေဒီယိုနဲ့ ဦးစွာ ဆက်သွယ်ပြောဆိုပြီးနောက် အဆိုပါ ဓာတ်ပုံကို ပေးပို့ခဲ့တာဖြစ်ပြီး၊ Singapore Airlines လေယာဉ်ဘက်မှလည်း “We appreciate your AirDrop” လို့ ပြန်လည် ပြောကြားခဲ့တာကို Video ထဲမှာ တွေ့မြင်ရပါတယ်။
လေယာဉ်မှူးဟာ ပေ (၁၀၀၀) အကွာအဝေးကို ချိတ်ဆက်ပြခဲ့ပေမယ့် Bluetooth နဲ့ Wi-Fi ပေါင်းစပ် အသုံးပြုတဲ့ AirDrop ဟာ ပေ (၃၀) ခန့် အကွာအဝေး အထိသာ ဆက်သွယ်နိုင်မယ်လို့ Apple မှ ဖော်ပြထားတာကြောင့် အဆိုပါ Video ထဲက AirDrop ချိတ်ဆက်မှုဟာ Fake ဖြစ်နိုင်တယ်လို့လည်း အချို့က ပြောဆိုကြပါတယ်။ ဒါပေမယ့် လေထဲမှာ အကာအရံ အတားအဆီး လုံးဝ မရှိခြင်း၊ Radio Frequency ကို ကြီးကြီးမားမား ပိတ်ဆို့နိုင်တဲ့ အရာများ မရှိခြင်းတို့ကြောင့် AirDrop ရဲ့ လုပ်ဆောင်နိုင်တဲ့ Range ဟာ ပိုပြီး ကျယ်ဝန်းသွားနိုင်တာ ဖြစ်တယ်လို့ Apple Insider က ရေးသားခဲ့ပါတယ်။
လက်ရှိ လူပြောများနေတဲ့ အဆိုပါ Video ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Join Us On