Google Photos မှာ Full-Resolution Unlimited Photos/Videos Storage ကို တစ်သက်စာ ဆက်လက်ရရှိသွားမယ့် Pixel နဲ့ Pixel XL

date_range 16 October 2017

Google Photos မှာ Full-Resolution Unlimited Photos/Videos Storage ကို တစ်သက်စာ ဆက်လက်ရရှိသွားမယ့် Pixel နဲ့ Pixel XL

visibility 760 Views

                Google ဟာ Pixel နဲ့ Pixel XL စမတ်ဖုန်းတို့အတွက် Google Photos မှာ Full-Resolution Photos/Videos တွေကို တစ်သက်စာ Unlimited Photos Storage ကို ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

                Google အနေနဲ့ အခုအသစ်ထွက်ရှိလာတဲ့ Pixel 2 နဲ့ Pixel XL 2 စမတ်ဖုန်းတို့မှာ Google Photos အတွက် Full-Resolution Photos/Videos တွေကို Unlimited Photos Storage ပေးအပ်ထားပေမယ့် တစ်သက်စာတော့မဟုတ်ဘဲ ၂၀၂၀ နှစ်ကုန်ပိုင်းလောက်အထိပဲ လို့ သိရှိခဲ့ရပါတယ်။ 

                ၂၀၂၀ နှစ်ကုန်ပိုင်းကနေစပြီးတော့ Google Photos မှာသိမ်းဆည်းသမျှကို Free 15GB ကျော်တာနဲ့ Full-Resolution ကနေ High-Quality အဖြစ် Photos/Videos တွေကို ပြန်လည်ချုံ့ပြီး သိမ်းဆည်းတော့မှာဖြစ်ပါတယ်။ Unlimited Storage ကိုတော့ High Quality အတွက် ဆက်လက်ရရှိနေမှာဖြစ်ပြီး၊ Photos တွေအနေနဲ့ 16-Megapixels အထိ၊ Videos တွေကိုတော့ 1080p Resolution အထိပဲ Google Photos ပေါ်မှာသိမ်းဆည်းနိုင်တော့မှာဖြစ်ပါတယ်။ 

                Google Pixel နဲ့ Pixel XL သမားတွေအတွက်ကတော့ တကယ်ကိုကံကောင်းတယ်လို့ဆိုရမှာပါ။ Google ဟာ ဘယ်လိုပဲဖြစ်နေပါစေ Pixel နဲ့ Pixel XL တို့ကိုတော့ အသုံးပြုနေသမျှကာလပတ်လုံးမှာ Full-Resolution Photos/Videos တွေကို Unlimited Storage နဲ့ တစ်သက်စာသိမ်းဆည်းထားနိုင်မယ်ဆိုတဲ့ကတိကို ဆက်လက်ထားရှိနေမှာမို့လို့ပါ။

                အခြား Device တွေအတွက်လည်း လက်ရှိအချိန်မှာ Full Resolutionအတွက် Google Drive Storage ပေးထားတဲ့ Free 15GB အထိ သိမ်းဆည်းထားနိုင်ပြီး၊ High Quality ကိုတော့ ဘယ် Device မဆို (iOS ပါ အပါအဝင်) Unlimited Storage အနေနဲ့ Google Photos မှာသိမ်းဆည်းထားနိုင်ပါတယ်။ Google Photos ကို Google I/O 2017 ပွဲမှာ သိမ်းဆည်းထားတဲ့ Photos တွေကို Books တွေပြုလုပ်လာနိုင်ပြီး၊ Sharing လုပ်တဲ့အခါ ပိုမိုမြန်ဆန်လာမယ်လို့ ကြေညာထားခဲ့ပါသေးတယ်။ 

                Books Feature ကိုတော့ လက်ရှိအချိန်မှာ မတွေ့မြင်ရသေးပေမယ့် ၊ Sharing Features အသစ်တွေ ကိုတော့ Google Photos မှာ ထည့်သွင်းပေးထားပါတယ်။ Pixel 2 နဲ့ Pixel 2 XL သမားတွေအတွက်ကတော့ Google Photos ပေါ်မှာတင်ထားသမျှကို Resolution ချုံ့ခံရမယ့်အတွက် စိတ်ပျက်စရာကောင်းတာမှန်ပေမယ့်၊ Pixel နဲ့ Pixel XL သမားတွေအတွက်ကတော့ အခုလိုမျိုး Full-Resolution ကို တစ်သက်စာ Unlimited သိမ်းဆည်းထားနိုင်မှာကတော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ 

References
Gadgets 360
About Author
Assinged Tags
Google Pixel Pixel XL Google Photos Resolution Pixel 2 Google Pixel XL 2 Photo And Video
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed