Google Photos ရဲ့ Sharing Feature အသစ်များကို ဒီအပတ်အတွင်းမှာ စတင်မြင်တွေ့ရမည်

date_range 29 June 2017

Google Photos ရဲ့ Sharing Feature အသစ်များကို ဒီအပတ်အတွင်းမှာ စတင်မြင်တွေ့ရမည်

visibility 220 Views

                    Google Photos ဟာ တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ Google မှ I/O 2017 Conference မှာ Google Photos ရဲ့ Features အသစ်တွေဖြစ်တဲ့ Suggested Sharing နဲ့ Shared Libraries ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ ဒီ Features တွေဟာ Google Photos အသုံးပြုသူတွေကို Cloud Storage ပုံစံတစ်ခုသပ်သပ် မဟုတ်ပဲ တခြားသူတွေနဲ့ပါ ကိုယ်နဲ့တွဲရိုက်ထားခဲ့တဲ့ပုံတွေကို Share ရင်းနဲ့ Social Experience ပိုမိုရရှိစေနိုင်ဖို့ Google မှရည်ရွယ်ထားတာဖြစ်ပါတယ်။ Google Photos အတွက်မိတ်ဆက်ခဲ့တဲ့ ဒီ Sharing Features အသစ်နှစ်မျိုးကို ယခုရက်သတ္တပတ်အတွင်း ရရှိလာမှာပါ။


                    Suggested Sharing မှာဆိုရင်တော့ မိမိရဲ့ Google Contacts ထဲမှာရှိတဲ့သူတွေကို Facial Recognition နည်းပညာနဲ့အတူ တင်ထားတဲ့ပုံတွေကို အတူတူ Share သင့်၊ မသင့် အလိုအလျောက် အကြံပေးမှာဖြစ်ပါတယ်။ တကယ်လို့ မိမိရဲ့ Google Contacts ထဲကသူဟာ ပုံထဲမှာပါ၀င်ပေမဲ့ ကိုယ်နဲ့ Google ပေါ်မှာ အဆက်အဆံမရှိတဲ့သူဆိုရင်တော့ ပုံတွေကို အတူတူ Share လုပ်ဖို့ အကြံပေးမှာမဟုတ်ပါဘူး။

                    Google Photos ရဲ့ Mobile App မှာလည်း “Sharing” နေရာအသစ်တိုးလာမှာဖြစ်ပြီး ကိုယ်နဲ့အတူ Share လုပ်ထားတဲ့ပုံတွေနဲ့ ကိုယ်ကနေ သူငယ်ချင်းတွေနဲ့ Share လုပ်ထားတဲ့ပုံတွေကို တစုတစည်းတည်းဖော်ပြပေးသွားမှာပါ။ Suggesting Sharing Feature အသစ်မှာ အကောင်းဆုံးရိုက်ယူထားတဲ့ပုံကို အလိုအလျောက်ရွေးထုတ်ပေးပြီး Share လုပ်ဖို့အကြံပြုပေးမှာပါ။ Sharing လုပ်လိုက်တဲ့အခါမှာ Google Photos App မရှိတဲ့သူတွေအတွက်လည်း SMS မှလည်း Notification ပို့ပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

                    Shared Libraries Feature ကိုတော့ မိသားစုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေအတွက်ရည်ရွယ်ထားပါတယ်။ မိမိအနေနဲ့ Albums တစ်ခုလုံးကိုပဲဖြစ်ဖြစ်၊ ဘယ် Date ကနေ ဘယ် Date အထိဆိုပြီး Date အပိုင်းအခြားလိုက်ပဲဖြစ်ဖြစ် Share လုပ်လို့ရပါတယ်။ Shared Libraries အသုံးပြုထားသူအချင်းချင်း အလိုအလျောက် ဓာတ်ပုံတွေကို Device တွေမှာ Sync လုပ်နေမှာဖြစ်ပြီး Local Storage ပေါ်မှာလည်း သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

References
Tech Spot
About Author
Assinged Tags
Google Android Google App Android App Photos Google Photos Photography Photo Sharing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed