Google Pixel 2 က Launcher ကို Android Nougat Devices တိုင်းမှာ အသုံးပြုနိုင်မယ့် Launcher3 ထွက်ရှိလာ

date_range 13 October 2017

Google Pixel 2 က Launcher ကို Android Nougat Devices တိုင်းမှာ အသုံးပြုနိုင်မယ့် Launcher3 ထွက်ရှိလာ

visibility 1620 Views

                Google ဟာ သူ့ရဲ့ Pixel ဖုန်းတွေအတွက် သီးသန့် Launcher တွေ အသုံးပြုခဲ့ပေမယ့်၊ Developers တချို့ရဲ့ ကျေးဇူးကြောင့် Pixel က Launcher တွေကို တခြား Android ဖုန်းတွေမှာလည်း အသုံးပြုနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လမှာတုန်းကဆို Android Oreo Feature အချို့ပါဝင်လာတဲ့ Pixel Launcher v2.1 ကို Android Device တိုင်းမှာအသုံးပြုနိုင်အောင် Modify လုပ်ထားတာကို တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

                မကြာသေးမီက Google ကနေ တရားဝင်မိတ်ဆက်ခဲ့တဲ့ Google Pixel 2 မှာ အသုံးပြုထားတဲ့ Pixel Launcher အသစ်မှာဆိုရင် ခါတိုင်းအသုံးပြုနေကျပုံစံဖြစ်တဲ့ Google Search Bar ကို အပေါ်နားမှာ ထားထားမယ့်အစား၊ Home Screen ရဲ့အောက်နားမှာ ပြောင်းလဲထားရှိထားတဲ့ ပုံစံအသစ် နဲ့ တွေ့မြင်ခဲ့ရတာကို သိကြမှာပါ။

                အခုအခါမှာတော့ ဒီ Google Pixel 2 Launcher ကိုလည်း Android Nougat (7.0) နဲ့အထက် ရှိတဲ့ Device အားလုံးမှာ အသုံးပြုနိုင်အောင် Modify လုပ်ထားတဲ့ Pixel Launcher အသစ်တစ်မျိုး ထွက်ရှိလာပြန်ပြီဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Launcher3 (မူလနာမည်အရင်း) ဟာ Version အနေနဲ့ P-4275643 နဲ့ ထွက်ရှိလာတာပါ။


                Launcher မှာ အဓိကပြောင်းလဲသွားတာကတော့ Google Search Bar ဟာ Home Screen ရဲ့အောက်ဘက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Animations အချို့လည်းပြောင်းလဲသွားပြီး၊ Launcher ရဲ့ App Drawer ကို အဆုံးထိ Scroll ဆွဲလိုက်ရင် ပြန်ခုန်တက်နေတဲ့ပုံစံ (Bounce) နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ 

                Dock ကနေ App Drawer ကို လှမ်းဆွဲလိုက်တဲ့အခါမှာလည်း ဒီ Bounce Animation ကိုမြင်တွေ့နိုင်မှာဖြစ်တယ်လို့ သိရှိထားရပါတယ်။ (Animation ကိုပြထားတဲ့ Video ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်) ဒါပေမယ့်လည်း စာရေးသူကိုယ်တိုင် Mi 6 (Android Nougat 7.1.1) မှာစမ်းသပ်ကြည့်တဲ့အခါတော့ ဒီ Animation ကို မတွေ့မြင်ခဲ့ရပါဘူး။ ဖုန်းပဲကွာလို့လား၊ အခြားဘာတွေ ကွာခြားနေလို့လဲကတော့ သေချာမသိပါဘူး။ 


                အခုလို Modify ပြုလုပ်ထားတဲ့ Google Pixel 2 Launcher (Launcher3) ကိုအသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Link မှာ Download ပြုလုပ်ပြီး Install လုပ်ရုံပါပဲ။ ဖုန်း Settings ထဲက Security or Privacy ထဲမှာတော့ Unknown Sources ကို ဖွင့်ပေးထားရပါမယ်။ Android ဖုန်းတစ်လုံးနဲ့တစ်လုံး Settings အထားအသိုကတော့ တူမှာ မဟုတ်ပါဘူး။ နောက်ထပ် တစ်ခုသတိထားရမှာက Android Nougat Version ကို အသုံးမပြုထားဘူးဆိုရင်တော့ Launcher3 ကို Install ပြုလုပ်လို့ရပေမယ့်၊ အသုံးပြုလို့ရမှာမဟုတ်ဘဲ Force Close ဖြစ်သွားမှာပါ။

References
XDA Developers
About Author
Assinged Tags
Google Android Pixel Nougat Android App Android Nougat Pixel Launcher
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed