လွန်ခဲ့တဲ့ဂျွန်လတုန်းက Developer တစ်ယောက်ဖြစ်တဲ့ AmirZ ဟာ Google ရဲ့ Pixel Launcher ကို Android Device တိုင်းမှာ အသုံးပြုနိုင်မယ့် Launcher3 ကို စတင်ထုတ်ပေးခဲ့ပါတယ်။ Pixel ဖုန်းတွေကအတိုင်း Google Search Pill, Google Feed Cards တွေနဲ့ Stock Android Features တချို့ ပါဝင်တဲ့ AmirZ ရဲ့ Launcher ဟာ Android အသုံးပြုသူတွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။ AmirZ ရဲ့ Pixel Launcher (Launcher 3) ဟာ Android Open Source Project ရဲ့ Launcher3 ကို Pixel Launcher ပုံစံအတိုင်းဖြစ်အောင်နဲ့ လုပ်ဆောင်ချက်တွေ တူညီအောင် Modify ပြုလုပ်ထားတဲ့ Launcher တစ်ခုပါ။
အခု Android 8 ကို Oreo အဖြစ် Google က တရားဝင်နာမည်သတ်မှတ်ပေးပြီးနောက် မကြာခင်မှာပဲ၊ Developer AmirZ ဟာ သူ့ရဲ့ နာမည်ကျော် Google’s Pixel Launcher ကို Android Device အားလုံးအတွက် Version အသစ် ထပ်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
အခု Version 2.1 မှာ Android Oreo ရဲ့ Features တစ်ချို့ ပါဝင်လာတာတွေ့ရပြီး၊ Stock Android အထူးသဖြင့် Pixel ဖုန်းတွေက Experience အရသာ (တချို့) ကို စမ်းမြည်းကြည့်ချင်သူတွေ တကယ်သဘောကျမယ့် Launcher တစ်ခု ဖြစ်ပါတယ်။
AmirZ ရဲ့ Launcher3 v2.1 မှာ ပြောင်းလဲမှုတွေကို ပြောရရင် ပထမဆုံးအနေနဲ့
- Notification Panel ကို အောက်ဆွဲချဖို့အတွက် အရင်လို စခရင်အပေါ်ကနေဘဲ ဆွဲချစရာမလိုတော့ဘဲ၊ စခရင်ရဲ့ ကြိုက်တဲ့နေရာကနေ အောက်ကို အနည်းငယ်ဆွဲချလိုက်ရုံနဲ့ Notification Panel ပေါ်လာမှာဖြစ်ပါတယ်။
- နောက်တစ်ခုကတော့ System Icon ပုံစံတွေကို Developer Options ဖွင့်စရာမလိုဘဲ ပြောင်းနိုင်လာပါတယ်။ (Android 8)
- Home Screen က Date Widget ကို နှိပ်လိုက်တာနဲ့ Google Calender App ထဲ ရောက်သွားမှာပါ။
- နောက်အကြိုက်ဆုံးတစ်ခုကတော့ Notification Dot ပါ။ App တစ်ခုခုမှာ Notification ဝင်လာတာနဲ့ အရင်လို Notification Panel မှာ ပြပေးမယ့်အပြင်၊ App Icon မှာလည်း Notification Dot (အစက်လေး) ပေါ်နေမှာပါ။ ဒီ Dot လေးက App အလိုက် သူ့ဘာသာ အရောင်ပြောင်းသွားမှာဖြစ်ပါတယ်။ Notification ကို ကြည့်ချင်တယ်ဆိုရင်လည်း App အပေါ်ကို ဖိနှိပ်လိုက်ရုံနဲ့ Notification ကြည့်နိုင်မှာပါ။ Notification Clear လုပ်လိုက်ရင်တော့ Dot လေးလည်း ပျောက်သွားမှာဖြစ်ပါတယ်။ Notification Dot Support ကတော့ Android 6.0 နဲ့အထက် Devices တွေမှာပဲ ရမှာဖြစ်ပါတယ်။
တခြား featuers လေးတွေဖြစ်တဲ့ Calendar App မှာ ပြထားတဲ့ Date က ရက်အလိုက်ပြောင်းနေတာ၊ Google Wallpapers App ကို Default Wallpaper အဖြစ် ထားနိုင်တာစတဲ့ Pixel ဖုန်းတွေရဲ့ Launcher မှာပဲ တွေ့ရမယ့် Featuers လေးတွေကိုလည်း AmirZ ရဲ့ Launcher မှာ ရရှိနိုင်မှာပါ။
ဒါပေမယ့် ဒီထဲက Features တစ်ချို့ကိုတော့ ဖုန်းကုမ္ပဏီတစ်ချို့ရဲ့ Custom OS မှာ တွေ့မြင်ပြီးဖြစ်ပါတယ်။
Google Pixel ဖုန်းတွေမှာပဲ ရသေးတဲ့ Pixel Launcher ကို ကိုယ့် Android ဖုန်းမှာ အသုံးပြုချင်တယ်ဆိုရင်၊ Sideload ပြုလုပ်ပေးဖို့ပဲ လိုအပ်ပါတယ်။ Root တွေဘာတွေ မလိုပါဘူး။ Download ပြုလုပ်ပြီး စမ်းသပ်ကြည့်ချင်ရင်တော့ ယခု Link ကနေ စမ်းသပ်နိုင်ပြီး၊ Google Play Store က တရားဝင် App မဟုတ်တဲ့အတွက် ကိုယ့်ဘာသာ သတိထားပြီးအသုံးပြုပါ။
Join Us On