macOS High Sierra ယနေ့ထွက်ရှိ

date_range 26 September 2017

macOS High Sierra ယနေ့ထွက်ရှိ

visibility 500 Views

                Apple အနေနဲ့ iOS 11 လောက် ပြောင်းလဲသွားခြင်း မရှိပေမယ့် ပိုပြီးကောင်း၊ ပိုပြီးမြန်ဆန်လာပြီး Features အသစ်တွေ လည်း အနည်းငယ် ပါဝင်လာတဲ့ macOS High Sierra ကို ယနေ့မှာပဲ Mac သမားတွေအတွက် Release လုပ်ပေးလိုက်ပါပြီ။ စက်တင်ဘာလ Event မှာတုန်းက macOS High Sierra နဲ့ ပက်သက်ပြီး ဘာတစ်ခုမှ မပြောသွားပေမယ့် WWDC 2017 မှာ မိတ်ဆက်ခဲ့တုန်းကအတိုင်းပဲ Release လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။


macOS High Sierra ကို Update ပြုလုပ်နိုင်မယ့် Mac တွေကတော့

  • iMac models from late 2009 or later
  • MacBook models from late 2009 or later
  • MacBook Pro models from mid 2010 or later
  • MacBook Air models from late 2010 or later
  • Mac mini models from mid 2010 or later
  • Mac Pro models from mid 2010 or later

Upgrade ပြုလုပ်နိုင်မယ့် macOS Version တွေကတော့

  • macOS Sierra
  • OS X El Capitan
  • OS X Yosemite
  • OS X Mavericks
  • OS X Mountain Lion


                ဆက်လက်ပြီး High Sierra ကို Upgrade ပြုလုပ်နိုင်ဖို့အတွက် မိမိရဲ့ Mac မှာ RAM 2GB အနည်းဆုံးနဲ့ Storage Space အနည်းဆုံး 14.3GB လွတ်ရမှာ ဖြစ်ပါတယ်။ Upgrade ပြုလုပ်ပြီးသွားတဲ့ အခါမှာလည်း High Sierra ဟာ Sierra ထက် Storage Space အနည်းဆုံး 1.5GB လောက် ပိုပြီးနေရာယူမယ်လို့ Apple က ပြောထားပါတယ်။

 

                နောက်ပြီး Download Size ကလည်း 4.80GB (Mac App Store မှာပြထားတာတော့ 4.80GB ပေါ့၊ ကျနော် Down တာတော့ အောက်ကပုံမှာ ပြထားသလိုပဲ 5.17GB တောင် ရှိပါတယ်) တောင် ရှိတယ်ဆိုတော့ Upgrade လုပ်မယ့်သူတွေအနေနဲ့ မိမိ Mac မှာ Storage Space အနည်းဆုံး 20GB လောက်တော့ ချန်ထားရမှာ ဖြစ်ပါတယ်။ Upgrade မပြုလုပ်မီ အရင်ဆုံး မိမိ Mac ကို TimeMachine အသုံးပြုပြီး BackUp လုပ်ထားဖို့ကိုလည်း သတိမမေ့ပါနဲ့။ BackUp လည်းပြီးပြီ၊ Upgrade လုပ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ macOS High Sierra ကို ဒီမှာ သွားပြီး ဒေါင်းနိုင်ပါတယ်။


References
Apple Newsroom
About Author
Assinged Tags
Virtual Reality macOS APFS Virtual Reality macOS Sierra macOS High Sierra
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed