Siri နဲ့ Spotlight မှာ Bing က Search Results တွေကို ပြသတော့မှာ မဟုတ်တဲ့ Apple

date_range 26 September 2017

Siri နဲ့ Spotlight မှာ Bing က Search Results တွေကို ပြသတော့မှာ မဟုတ်တဲ့ Apple

visibility 560 Views

                iDevice တိုင်းရဲ့ Default Search Engine အဖြစ် ရှိနေစေဖို့အတွက် Google အနေနဲ့ Apple ကို တစ်နှစ်စာ ကန်ဒေါ်လာ ၃ ဘီလီယံခန့် ပေးအပ်နေရတယ်လို့ သတင်းထွက်လာခဲ့ ဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ အတိအကျတော့ မဟုတ်ခဲ့ပါဘူး။ တရားရုံး စာရွက်စာတမ်းတွေကနေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ 

                အခုကတော့ အဲ့ဒီသတင်းဟာ သေချာတယ်လို့ ပြောလို့ရပါပြီ။ ဘာလို့လဲဆိုတော့ Apple အနေနဲ့ iOS 11 ကို Release လုပ်ပေးခဲ့ချိန်ကစပြီး Siri နဲ့ Spotlight မှာ Bing က Search Results တွေကို မပြသတော့ဖို့အတွက် ပြင်ဆင်ခဲ့ပြီး ဒီနေ့ macOS High Sierra ထွက်ရှိလာချိန်မှာတော့ iOS သမားတွေ၊ Mac သမားတွေအနေနဲ့ Siri နဲ့ Spotlight မှာ Bing က Search Results တွေကို မြင်ရတော့မှာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် Apple အနေနဲ့ Image Search အတွက်ကိုတော့ Bing ကို Default Search Engine ပေးထားပါသေးတယ်။ Video Search အတွက်ကတော့ ထုံးစံအတိုင်း YouTube ပဲ ဖြစ်ပါတယ်။

                Siri နဲ့ Spotlight မှာတင် မဟုတ်ပါဘူး။ Safari အတွက် Default Search Engine ကလည်း Mac အတွက်ရော၊ iOS အတွက်ပါ Google ပဲ ဖြစ်တော့မှာပါ။ Google အနေနဲ့ကလည်း Google Mobile Search က ရရှိတဲ့ ဝင်ငွေရဲ့ ၅၀% ခန့်ဟာ iDevice တွေကနေ ရရှိတာဖြစ်တာကြောင့် ကန်ဒေါ်လာ ၃ ဘီလီယံဆိုတဲ့ ပမာဏဟာ ပြန်ရတဲ့ ဝင်ငွေနဲ့ တွက်ကြည့်မယ်ဆိုရင် မဆိုသလောက်ပဲ ရှိမှာပါ။ 

                အခုကတော့ Google Search Engine ဟာ iOS အတွက်တင် မဟုတ်တော့ပဲ macOS အတွက်ပါ Default ဖြစ်သွားတာဆိုတော့ Google ဘက်က Apple ကို တစ်နှစ်စာ ပေးရတဲ့ငွေဟာ ကန်ဒေါ်လာ ၃ ဘီလီယံထက်တော့ ကျော်သွားမှာ သေချာပါတယ်။

References
The Verge
About Author
Assinged Tags
Google Microsoft Youtube Bing Google Search iOS 11 macOS High Sierra Default Search Engine Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed