iOS 11 ယနေ့ထွက်ရှိ

date_range 20 September 2017

iOS 11 ယနေ့ထွက်ရှိ

visibility 9360 Views

                ဒီနေ့မှာတော့ Feature သစ်တွေ စုံစုံလင်လင် ပါဝင်လာတဲ့ iOS 11 ကို iPhone, iPad, iPod Touch အသုံးပြုသူတွေအနေနဲ့ Free Upgrade ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ iPhone 8, 8 Plus, iPhone X တို့မှာတော့ iOS 11 က Pre-Install လုပ်ပြီးသား ဖြစ်မှာပါ။ iOS 11 ဟာ 64-bit ဖြစ်တဲ့အတွက် တစ်ချို့ Device တွေကတော့ Update လုပ်လို့ရမှာ မဟုတ်ပါဘူး။ Update ပြုလုပ်နိုင်မယ့် Devices တွေကတော့

iPhone

  • iPhone 7
  • iPhone 7 Plus
  • iPhone 6s
  • iPhone 6s Plus
  • iPhone 6
  • iPhone 6 Plus
  • iPhone SE
  • iPhone 5s

iPad

  • 12.9in iPad Pro (Second-Generation)
  • 12.9in iPad Pro (First-Generation)
  • 10.5in iPad Pro
  • 9.7in iPad Pro
  • iPad (Fifth-Generation)
  • iPad Air 2
  • iPad Air
  • iPad Mini 4
  • iPad Mini 3
  • iPad Mini 2

iPod Touch ဆိုရင်တော့ Sixth-Generation iPod Touch တစ်မျိုးပဲ iOS 11 နဲ့ Compatible ဖြစ်မှာပါ။

                iOS 11 ကို Upgrade လုပ်ချင်သူများအနေနဲ့ Upgrade မလုပ်ခင် တစ်ခုသတိပြုရမှာက အရင်ဆုံး မိမိရဲ့ iDevice ကို BackUp လုပ်ထားဖို့ပါပဲ။ BackUp လုပ်ပြီးပြီးဆိုရင်တော့ မိမိ iDevice ထဲက Settings -> General -> Software Update ကို သွားပြီး Download အရင်လုပ်ပါ။ 

                Download လုပ်နေစဉ်နဲ့ Download ပြီးသွားလို့ Update လုပ်နေစဉ်အတွင်းမှာ မိမိ iDevice မှာ Battery 50% တော့ အနည်းဆုံး ရှိရမှာပါ။ အားသွင်းထားလိုက်တာကတော့ အကောင်းဆုံးပါပဲ။အဲ့လိုမှ မဟုတ်ဘူးဆိုရင်လည်း မိမိရဲ့ iDevice ကို iTunes နဲ့ ချိတ်ဆက်ပြီး Check For Update ကိုနှိပ်ပြီးတော့လည်း iOS 11 ကို Update လုပ်နိုင်ပါတယ်။

                iOS 11 က 2GB နီးပါးလောက် ရှိတဲ့အတွက် Mobile Internet နဲ့ Down မယ်ဆိုရင် Data Package လေးတွေဝယ်ပြီး Down ရင်တော့ ဖုန်းဘေလ် ၅၀၀၀ လောက်ပဲ ကုန်မှာပါ။ အိမ်မှာ အင်တာနက်လိုင်းဆွဲထားရင်တော့ OK ပါပဲ။ အိမ်မှာလည်း အင်တာနက်လိုင်းလည်း မရှိဘူး၊ Mobile Internet နဲ့လည်း မ Down ချင်ဘူးဆိုရင်လည်း Software အခွေဆိုင်တွေမှာ iOS 11 ကို တစ်ခွေ ၅၀၀ လောက်နဲ့ ဝယ်ပြီးတော့လည်း Update လုပ်နိုင်ပါတယ်။

References
Apple
About Author
Assinged Tags
iPhone iPad iOS 11 Files For iOS iPod Touch Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed