Wireless Power Consortium ထဲ Xiaomi ပါ၀င်လာပြီး၊ Flagship ဖုန်းအသစ်မှာ Wireless Charging ပါ၀င်လာဖွယ်ရှိ

date_range 24 September 2017

Wireless Power Consortium ထဲ Xiaomi ပါ၀င်လာပြီး၊ Flagship ဖုန်းအသစ်မှာ Wireless Charging ပါ၀င်လာဖွယ်ရှိ

visibility 3620 Views

                Xiaomi ဟာ လက်ရှိအချိန်မှာ Wireless Power Consortium အဖွဲ့အစည်းထဲပါ၀င်လာပြီဖြစ်ပြီး၊ Qi Wireless Charging Standard ကိုစတင်အသုံးပြုတော့မှာဖြစ်ပါတယ်။ Wireless Power Consortium ဟာ Wireless Charging ပါ၀င်တဲ့ စမတ်ဖုန်းတွေမှာအသုံးပြုထားတဲ့ Qi Wireless Charging စနစ်ကို အကောင်အထည်ဖော်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

                ဒီသတင်းကို Xiaomi ကနေ တရား၀င်ကြေညာမထားပေမယ့် Wireless Power Consortium ရဲ့ Website မှာတော့ Xiaomi ကို စာရင်း စတင်ထည့်သွင်းထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကမှ Apple ကနေ တရား၀င်မိတ်ဆက်လိုက်တဲ့ iPhone 8, 8 Plus နဲ့ iPhone X တို့မှာ Wireless Charging စနစ် စ တင်ပါ၀င်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung နဲ့ အခြားနည်းပညာကုမ္ပဏီတို့ဟာ Wireless Charging စနစ်တွေကို Device တွေမှာ ထည့်သွင်းပေးလာခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါတယ်။

                Xiaomi အနေနဲ့လည်း ဒီလို Qi Wireless Charging စနစ်အသုံးပြုထားတဲ့ Flagship စမတ်ဖုန်းတစ်ခုကို ပြုလုပ်နေတယ်လို့ ကောလာဟလတွေထွက်ရှိထားပါတယ်။ Xiaomi ကနေ နောက်ထပ်ထွက်ရှိလာမယ့် Mi 7 စမတ်ဖုန်းမှာထည့်သွင်းပေးထားမလားဆိုတာကို မေးစရာရှိပေမယ့်လည်း၊ လက်ရှိအချိန်မှာတော့ Wireless Charging ကိစ္စကို Xiaomi ကနေပြီး ဘာမှထုတ်ဖော်ပြောကြားထားခြင်းတော့မရှိသေးပါဘူး။

                Mi MIX 2 ပြီးတဲ့နောက်မှာ အသစ်ထွက်ရှိလာမယ့် Flagship အမျိုးအစားဖြစ်တဲ့ Mi 7 စမတ်ဖုန်းကို Xiaomi ကနေ ၂၀၁၈ နှစ်ဦးပိုင်းလောက်မှာ မိတ်ဆက်ပေးလာဖို့ရှိပါတယ်။ သိရှိထားချက်တွေအရလည်း အသစ်ထွက်ရှိလာမယ့် Flagship စမတ်ဖုန်းထဲမှာ Wireless Charging စနစ်ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Xiaomi ဟာ Qi Wireless Charging Standard စာရင်းထဲကို Mi 7 ကြောင့်၀င်ရောက်လာတာလား၊ Mi 7 ဟာ Xiaomi ရဲ့ ပထမဦးဆုံး Wireless Charging စနစ်ပါ၀င်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Xiaomi Wireless Charging Wireless Power Consortium Qi Wireless Charging Mi 7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed