Apple Devices တွေအတွက် iOS 11 Beta Version 6 ကို Download ရယူနိုင်ပြီဖြစ် 

date_range 17 August 2017

Apple Devices တွေအတွက် iOS 11 Beta Version 6 ကို Download ရယူနိုင်ပြီဖြစ် 

visibility 3760 Views

                Apple ရဲ့ iOS 11 Update ဟာ လာမယ့် စက်တင်ဘာလမှာ တရားဝင် Stable Version အနေနဲ့ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Beta Version တွေအနေနဲ့ပဲ ထုတ်ပေးလျက်ရှိရာမှ လွန်ခဲ့တဲ့ရက်အနည်းငယ်က iOS 11 Beta Version 6 ကို စတင်ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

                iOS 11 Beta Version 6 မှာတော့ သိသိသာသာပြောင်းလဲမှုအနေနဲ့ Apple ရဲ့ Maps Application နဲ့ App Store တွေကို Icon ပုံစံပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။ Apple Maps Icon ကို လက်ရှိ Apple ကုမ္ပဏီရုံးချုပ်ဖြစ်တဲ့ Apple Park လို့ လူသိများတဲ့ Spaceship Campus နေရာကို ဖော်ပြနေတဲ့ Icon ပုံနဲ့ ပြောင်းလဲထားတာဖြစ်ပါတယ်။ App Store Icon ကတော့ အနည်းငယ်ပြင်ဆင်ခဲ့တာပဲဖြစ်ပြီး ပိုပြီးရှင်းသွားသလို ခံစားရပါတယ်။ 

                Apple iOS 11 Beta Version 6 မှာနောက်ထပ်ပြောင်းလဲသွားတာကတော့ Brightness Setting က အမြဲတမ်း Automatic Mode မှာပဲရှိနေတော့မှာဖြစ်ပြီး Manual ပြောင်းလဲချင်တယ်ဆိုရင် Accessibility Setting အောက်က Brightness Level မှာ သွားရောက်ပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။ အခြားပြောင်းလဲမှုတွေအနေနဲ့ကတော့ Fish Live Wallpaper ၆ ခုကို ပြန်ပြီးဖယ်ထုတ်လိုက်တာ၊ Photos App မှာ Splash Page ဆိုပြီး Page တစ်ခုအသစ်ပါဝင်လာတာ၊ Clock Icon စာလုံးတွေက ပိုပြီး Bold ဖြစ်သွားတာနဲ့ Apple AirPods တွေနဲ့ ချိတ်ဆက်တဲ့ Animations ပြောင်းလဲသွားတာတွေပဲဖြစ်ပါတယ်။

References
GSM Arena
About Author
Assinged Tags
iPhone iOS iPad iOS 11 Apple's iPhone Apple Apple iPad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed