Pixel နဲ့ Pixel XL ဖုန်းတွေကို Software နဲ့ YouTube HDR ကြည့်နိုင်အောင် လုပ်ပေးလိုက်တဲ့ Google

date_range 15 September 2017

Pixel နဲ့ Pixel XL ဖုန်းတွေကို Software နဲ့ YouTube HDR ကြည့်နိုင်အောင် လုပ်ပေးလိုက်တဲ့ Google

visibility 920 Views

                အရင်က TV နဲ့ Chromecast Ultra လိုမျိုး Devices တစ်ချို့မှာပဲ ကြည့်ရှုနိုင်ခဲ့တဲ့ HDR Content တွေကို အခုဆို iPhone X, iPhone 8 နဲ့ 8 Plus အပါအဝင် စမတ်ဖုန်းတော်တော်များများမှာလည်း ကြည့်ရှုနိုင်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် HDR Support ပါတဲ့ စမတ်ဖုန်းတွေက Flagship ဆိုတဲ့ တကယ့်ထိပ်သီးစမတ်ဖုန်းတွေပဲ များတာကြောင့် ဖုန်းတိုင်းတော့ ရဦးမှာမဟုတ်သေးပါဘူး။

                အချို့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေဟာ HDR Video Playback Support တွေနဲ့ထွက်ရှိခဲ့ပေမယ့်၊ Google ရဲ့ Pixel နဲ့ Pixel XL စမတ်ဖုန်းတွေမှာတော့ HDR Video Support မပါခဲ့ပါဘူး။

                ဒါပေမယ့် မကြာသေးခင်က  Youtube မှာ HDR Videos တွေကြည့်နိုင်ပြီလို့ ကြေငြာလိုက်တုန်းကတော့ HDR ဗီဒီယိုတွေ ကြည့်နိုင်တဲ့ ဖုန်းစာရင်းထဲမှာ Pixel နဲ့ Pixel XL တို့ကို ထည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဘာလို့များ Google က Pixels ဖုန်းတွေကို HDR Support ရတဲ့ ဖုန်းစာရင်းထဲ ထည့်ထားတာလဲဆိုတာကို Android Police က မေးမြန်းကြည့်ခဲ့ပါတယ်။ Google ရဲ့ အဖြေကတော့ Pixels တွေအတွက် Software အားကိုးနဲ့ပဲ Youtube မှာ HDR Support ရအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်တဲ့။

                များသောအားဖြင့်တော့ ဖုန်းထုတ်လုပ်သူတွေဟာ Chips ထုတ်လုပ်သူတွေနဲ့ပူးပေါင်းပြီး သူတို့ဖုန်းတွေမှာ HDR Videos တွေကို ကြည့်နိုင်ဖို့ ဖုန်းရဲ့ Hardware ထဲမှာ ထည့်သွင်းရပါတယ်။ Galaxy S8, LG G6, နဲ့ LG V30 လို ဖုန်းတွေမှာ HDR Hardware Support ပါပေမယ့်၊ Pixels ဖုန်းတွေမှာတော့ HDR အတွက် Hardware မပါပါဘူး။ ဒါကြောင့် Google ဟာ ကိုယ်ပိုင် Software Decoder နဲ့ Rendering Stack တို့ကို ရေးဆွဲပြီး၊ Pixel ဖုန်းတွေမှာ HDR Support ရအောင်လုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

                ဒါပေမယ့် Pixel နဲ့ Pixel XL တို့ဟာ Youtube ကနေပဲ HDR Video တွေ ကြည့်နိင်မှာဖြစ်ပြီး၊ တခြား ပလက်ဖောင်းတွေက HDR Video တွေကိုတော့ ကြည့်နိုင်မှာမဟုတ်ပါဘူး။ Google ရဲ့ ပြောပုံအရတော့ Hardware လုပ်ဆောင်ချက်ပါ, ပါဝင်တဲ့ နောက်မျိုးဆက်သစ် Mobile Devices တွေကျရင်တော့ အခုထက် ပိုကောင်းလာမှာဖြစ်တယ်လို့ ဆိုတာကြောင့်၊ နောက် Pixel ဖုန်းအသစ်တွေမှာတော့ HDR Hardware Support ပါဝင်လာနိုင်ပါတယ်။

This Article is Contributed by YLin
References
Android Police
About Author
Assinged Tags
Google Pixel Youtube Software Pixel XL HDR Videos HDR Support Rendering Stack Software Decoder YouTube HDR
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed