YouTube မှာ HDR Videos တွေကို HDR Support ပေးတဲ့ဖုန်းတွေမှာ စတင်ကြည့်ရှုနိုင်ပြီ

date_range 11 September 2017

YouTube မှာ HDR Videos တွေကို HDR Support ပေးတဲ့ဖုန်းတွေမှာ စတင်ကြည့်ရှုနိုင်ပြီ

visibility 600 Views

                YouTube မှာ HDR လို့ခေါ်တဲ့ အရောင်တွေ ပိုမိုစိုစွတ်တောက်ပတဲ့ High Definition Range Videos တွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလထဲက ကြည့်ရှုနိုင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ HDR Support ပြုလုပ်တဲ့ Smartphones အများအပြားထွက်ပေါ်လာခဲ့ပေမယ့် တလောကအထိ YouTube Mobile App ကနေ HDR Videos တွေကို ကြည့်ရှုနိုင်ခွင့်မရှိခဲ့ပါဘူး။ 

                ဒါပေမယ့် ယခုအချိန်မှာတော့ Google ကနေ YouTube Mobile App မှာလည်း HDR Videos တွေကို စတင်ထောက်ပံ့နေပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ HDR Display ပါဝင်တဲ့ Samsung Galaxy S8/S8+ , Samsung Galaxy Note 8, Google Pixel, LG V30 နဲ့ Sony XZ Premium ဖုန်းတွေအကုန်လုံးမှာ HDR Video တွေကို YouTube Mobile Application ကနေပဲ ကြည့်ရှုနိုင်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ HDR Playback ကို Full HD 1080P Resolution နဲ့ 60 fps အနေနဲ့ပဲ အမြင့်ဆုံးကြည့်ရှုနိုင်ဦးမှာဖြစ်ပြီး လက်ရှိအချိန်မှာ The HDR Channel လိုမျိုးမှာပဲ HDR Videos တွေကို တွေ့နိုင်ဦးမှာပါ။ 


                လက်ရှိအချိန်မှာတော့ Netflix ကနေ HDR Playback ကို Galaxy Note 8, LG V30, LG G6, Xperia XZ1 နဲ့ Xperia XZ Premium ဖုန်းတွေမှာ ရရှိနေပြီဖြစ်ပြီး Google Play Movies & TV ကလည်း HDR Videos တွေကို ထောက်ပံ့ပေးပေမယ့် TV Monitor နဲ့ပဲ ကြည့်ရှုရမှာဖြစ်ပြီး ဖုန်း Display မှာတော့ မရရှိသေးပါဘူး။

                အခုလိုမျိုး လူကြည့်အများဆုံး Videos Streaming Service တစ်ခုဖြစ်တဲ့ YouTube ကနေ HDR Mobile Playback ကို စတင်ထောက်ပံ့ပေးတာက နောက်ထပ်ထွက်ရှိလာမယ့်ဖုန်းတွေအကုန်လုံးမှာ HDR Support ပြုလုပ်လာနိုင်မယ့် အလားအလာတစ်ခုလို့ ယူဆရပါတယ်။ အခုအချိန်မှာတော့ ပြောခဲ့သလိုပဲ YouTube မှာလည်း HDR Videos တွေ နည်းပါးနေသေးသလို HDR Support ပြုလုပ်တဲ့ဖုန်းတွေကလည်း နည်းပါးသေးတဲ့အတွက် HDR Content တွေအောင်မြင်လာဖို့ကတော့ အချိန်တစ်ခုလိုအပ်ဦးမှာဖြစ်ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Youtube Mobile App HDR Videos HDR
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed