Screen အပြည့် FullView Display နဲ့ V7+ စမတ်ဖုန်းကို Vivo တရားဝင်မိတ်ဆက်

date_range 08 September 2017

Screen အပြည့် FullView Display နဲ့ V7+ စမတ်ဖုန်းကို Vivo တရားဝင်မိတ်ဆက်

visibility 14420 Views

                Vivo ကုမ္ပဏီဟာ ကြိုတင်ကြေငြာထားတဲ့အတိုင်း ဈေးနှုန်းအသင့်အတင့်နဲ့ 18:9 FullView Display ပါဝင်လာတဲ့ V7+ စမတ်ဖုန်းအသစ်ကို တရားဝင်ကြေငြာခဲ့ပါတယ်။ Samsung Galaxy Note 8 လိုပဲ Ultrawide 18:9 Ratio Screen ကို အသုံးပြုထားတာဖြစ်ပါတယ်။  Display အရွယ်အစားက ၅.၉၉ လက်မရှိပြီး၊ Gorilla Glass 3 Protection ပါရှိကာ၊ 2.5D Curved Glass နဲ့ ဖြစ်ပါတယ်။

                Vivo V7+ မှာ Processor အနေနဲ့တော့ Qualcomm Snapdragon 450 Processor တပ်ဆင်ထားပြီး RAM 4GB နဲ့ 64GB Internal Storage ပါဝင်မှာဖြစ်ပါတယ်။ တခုထူးခြားချက်အနေနဲ့ကတော့ Vivo V7+ ကို Dual SIM Slots အပြင် microSD ကတ် သီးခြားထပ်ပြီး ထည့်သွင်းလို့ရတာပဲဖြစ်ပါတယ်။ 

                ကင်မရာပိုင်းအနေနဲ့ကတော့ Vivo V7+ ဟာ Selfie ပိုင်းကို အဓိကထားတဲ့ဖုန်းဖြစ်တဲ့အတွက် Front Selfie Camera က 24 Megapixels ရှိမှာဖြစ်ပြီးတော့ f/2.0 ၊ 1/2.78-inch Sensorတို့ ပါဝင်ပြီး၊ ညအမှောင်ထဲမှာ Selfie ရိုက်ကူးနိုင်ဖို့အတွက် "Moonlight Glow" လို့ နာမည်ပေးထားတဲ့ Selfie Flash မီးလည်း ပါဝင်လာပါတယ်။အနောက် Back Camera ကတော့ Dual-LED Flash မီးနဲ့အတူ 16 Megapixels ၊ f/2.0 ကင်မရာပါဝင်မှာဖြစ်ပါတယ်။ Back Camera မှာ ထူးခြားချက်အနေနဲ့ Ultra HD Mode ပါဝင်လာတာဖြစ်ပြီး အဆိုပါ Feature က 16 Megapixels ပုံ ၄ ပုံကို အရင်ရိုက်ကူးပြီး 64 Megapixels ပုံဖြစ်အောင် ပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်။ Face Beauty Mode နဲ့ Portrait Mode လို Features တွေလည်း ပါဝင်ဦးမှာပါ။ 

                Android 7.1 based Funtouch OS 3.2 နဲ့ ထွက်ရှိလာမယ့် Vivo V7+ ကို လောလောဆယ် အရောင်အနေနဲ့ Matte Black ပဲရရှိဦးမှာဖြစ်ပြီး Battery ကတော့ 3225 mAh ပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀၀ ကျော် နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Vivo V7+ ရဲ့ Specifications အပြည့်အစုံကို ကျနော်တို့ရဲ့ ကဏ္ဍသစ်ဖြစ်တဲ့ 'Mobile Finder' ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
GSM Arena Gadgets NDTV
About Author
Assinged Tags
Smartphones Vivo Vivo V7+ V7+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed