ဘေးဘောင်တွေမပါဝင်တော့တဲ့ Vivo V7+ ကို စက်တင်ဘာလ ၇ ရက်နေ့မှာ မိတ်ဆက်မည်

date_range 26 August 2017

ဘေးဘောင်တွေမပါဝင်တော့တဲ့ Vivo V7+ ကို စက်တင်ဘာလ ၇ ရက်နေ့မှာ မိတ်ဆက်မည်

visibility 1320 Views

                Vivo ကနေ သူရဲ့ V Series ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာလောက်တဲ့ Vivo V7+ Smartphone ကို လာမယ် စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေငြာသွားမယ်လို့ Teaser Image နှင့်တကွ ထုတ်ပြန်လိုက်ပါတယ်။ 

                Teaser Image အရ Vivo V7+ ဖုန်းဟာ Samsung ရဲ့ Infinity Display လိုမျိုးပဲ ဘေးဘောင်တွေမပါဝင်တော့တဲ့ Bezel-less ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ 

                Teaser Image မှာ နောက်ထပ် “Clear Shot. Clear Moment”, “Get ready to capture" နဲ့ “Redefine the selfie experience with the revolutionary selfie camera” လို့ရေးသားထားတဲ့အတွက် Vivo V7+ ဖုန်းဟာ ထုံးစံအတိုင်း ကင်မရာကိုလည်း တော်တော်လေးကို အသားပေးထားမယ့်ဖုန်းလို့ ပြောလို့ရပါတယ်။ 

                လက်ရှိထွက်ရှိထားတဲ့ ကောလဟာလတွေအရတော့ Vivo V7+ ဟာ 5.5" Full HD Super AMOLED Display ပါဝင်လာမှာဖြစ်ပြီး Qualcomm Snapdragon 660 CPU နဲ့ အတူ 6GB RAM ပါဝင်လာမယ်လို့ သိရပါတယ်။ Storage ကိုလည်း 128GB အထိရွေးချယ်နိုင်ပြီး Battery ကတော့ 3500mAh Battery ပဲ ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Smartphones Vivo Bezel-Less Smartphones Bezel-Less Display Vivo V7+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed