Windows 10 S သုံး ၂၉၉ ဒေါ်လာတန် Laptop မော်ဒယ်အသစ်တွေကို HP နဲ့ Acer တို့ စတင်မိတ်ဆက်

date_range 04 May 2017

Windows 10 S သုံး ၂၉၉ ဒေါ်လာတန် Laptop မော်ဒယ်အသစ်တွေကို HP နဲ့ Acer တို့ စတင်မိတ်ဆက်

visibility 390 Views

                Microsoft ဟာ Windows 10 S OS အသစ်သုံး Surface Laptop အသစ်ကို အင်္ဂါနေ့ည မြန်မာစံတော်ချိန် ၈ နာရီက စတင်မိတ်ဆက်သွားတာကို သိကြမှာပါ။

                Microsoft ရဲ့ Windows 10 S အသစ်ဟာ ပြောရမယ်ဆိုရင် Windows 10 ကိုပဲ ပိုပြီး Restrict လုပ်၊ စည်းကမ်းတွေ တင်းကြပ်ထားတဲ့ Operating System တစ်ခုဖြစ်ပြီး၊ မကောင်းတဲ့အချက်တွေ တစ်ပုံကြီးပါပဲ။ ( Windows 10 S ရဲ့ မကောင်းတဲ့အချက်တွေကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။)

                Windows 10 S စတင်မိတ်ဆက်ကတည်းက ဒီစနစ်သုံး Laptop ကွန်ပြူတာတွေကို တခြားကွန်ပြူတာထုတ်လုပ်သူတွေကလည်း ထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ အခုတော့ ပထမဆုံးအနေနဲ့ HP နဲ့ Acer တို့က Windows 10 S Laptop အသစ်တွေကို မိတ်ဆက်လိုက်ပါပြီ။

                Microsoft Surface Laptop က ၉၉၉ ဒေါ်လာအထိ ပေးရမှာဆိုတော့ ကျောင်းသားတွေအတွက် သိပ်မကိုက်ဘဲ၊ အခု HP နဲ့ Acer Laptop တွေကတော့ ဒေါ်လာ ၃၀၀ လောက်ဆိုတော့ ကျောင်းသားတွေ တကယ်လက်လှမ်းမီနိုင်မယ့် စျေးမျိုးမှာရှိပါတယ်။

                HP ရဲ့ Laptop အသစ်ကို ProBook x360 Edition လို့ အမည်ပေးထားပြီး၊ ၁၁.၆ လက်မအကျယ် 1366x768 HD Display နဲ့ ဖြစ်ပါတယ်။ Intel Celeron Processor ၊ 4GB RAM ၊ 64 GB Storage တို့နဲ့ တွေ့ရမှာြဖစ်ပြီး၊ ၂၉၉ ဒေါ်လာစျေးနဲ့ ရောင်းချပေးမှာပါ။

                HP နည်းတူ Acer ကလည်း TravelMate Spin B1 ဆိုတဲ့ မျက်နှာပြင်ခေါက်ချိုးအသုံးပြုနိုင်တဲ့ Touchscreen Laptop အသစ်တစ်မျိုးကို တစ်ချိန်တည်းမှာ မိတ်ဆက်ခဲ့ပြီး၊ ၁၁.၆ လက်မအကျယ် HD Display ၊ Celeron Processor ၊ 4GB RAM ၊ 64GB Storage နဲ့ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီလက်ပ်တော့ကို ၃၉၉.၉၉ ဒေါ်လာစျေးနဲ့ ရောင်းချနေတာဖြစ်ပြီး၊ Windows 10 S အသစ်တင်ပေးလိုက်တော့ ၂၉၉ ဒေါ်လာဖြစ်သွားတာပါ။ Acer Laptop မှာက Stylus လည်း ပါဝင်မှာဖြစ်ပါတယ်။


                Microsoft ရဲ့ ပြောကြားချက်အရ HP နဲ့ Acer တို့အပြင် ASUS ၊ Dell အပါအဝင် တခြားကွန်ပြူတာထုတ်လုပ်သူကုမ္ပဏီတွေကလည်း Windows 10 S စက်တွေကို မကြာမီထုတ်လုပ်ပေးဦးမှာ ဆိုတာကြောင့်၊ တန်ဖိုးနည်း Windows 10 S Laptop တွေကို ထပ်မံတွေ့မြင်လာရဖို့ ရှိပါတယ်။

References
Circuit Breaker
About Author
Assinged Tags
HP Acer Microsoft Laptop Windows 10 S Windows 10 S Laptops Budget Laptops
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed