Windows 10 Fall Creators Update ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ မြင်တွေ့ရတော့မည်

date_range 04 September 2017

Windows 10 Fall Creators Update ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ မြင်တွေ့ရတော့မည်

visibility 340 Views

                Microsoft ကနေ Windows 10 အတွက် ဆက်လက်ထုတ်လုပ်ပေးမဲ့ Fall Creators Update ကို အောက်တိုဘာလ ၁၇ ရက်နေ့မှာ မြင်တွေ့ရတော့မယ်လို့ သိရှိခဲ့ရပြီဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ Fall Creators Update မှာ ဘာတွေပါ၀င်လာမလဲဆိုတာကို ဆောင်းပါးတစ်ခု မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

                ယခုထွက်ရှိလာမယ့် Fall Creators Update မှာ ကြီးကြီးမားမားအနေနဲ့ Windows Mixed Reality လို့ခေါ်တဲ့ VR Platform အသစ်တစ်ခုပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Mixed Reality အတွက်အသုံးပြုနိုင်မယ့် VR Headsets တွေကို Acer, Asus, Dell, HP နဲ့ Lenovo တို့မှ ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ Mixed Reality အတွက်အချို့ VR Headsets တွေအနေနဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာပဲ Fall Creators Update နဲ့အတူ ထုတ်လုပ်ပေးသွားဖို့ရှိပေမယ့် အချို့ Headset တွေကိုတော့ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ မြင်တွေ့ရဖို့ရှိပါတယ်။

                ဒါ့အပြင် Microsoft ဟာ Eye-Tracking Support ကိုလည်း Beta အနေနဲ့ Fall Creators Update မှာထည့်သွင်းပေးသွားမယ်လို့လည်း သိရှိခဲ့ရပါသေးတယ်။ 

                ဒါပေမဲ့လည်း Phone တွေနဲ့ Link လုပ်ပြီးအသုံးပြုရတဲ့ Feature အတွက်ကတော့ Android/iOS Device တွေနဲ့ Windows 10 အပြန်အလှန် Clipboard Copy ပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အရင်ကအတိုင်းပဲ Websites တွေကို မိမိ Android/iOS Device ကနေ Windows 10 ပေါ်မှာ ဆက်လက်ဖတ်ရှုလို့ရအောင်ပဲ ပြုလုပ်နိုင်ပြီး၊ Windows 10 ကနေတော့ မိမိ Android/iOS Device တွေကို Website Link တွေ ပြန်လည်ပေးပို့နိုင်မှာမဟုတ်ပါဘူး။

                အခြား ပါ၀င်လာမယ့် Feature တွေကတော့ အရင်ရေးခဲ့တဲ့ဆောင်းပါးထဲကအတိုင်း အပြောင်းအလဲမရှိဘဲ Fall Creators Update မှာ ပါ၀င်လာမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Windows Windows 10 PC Laptop Fall Creators Update Windows 10 Fall Creators Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed