Windows 10 နောက်ဆုံး Preview မှာ Android ဖုန်းနဲ့ PC ကို တွဲဖက်အသုံးပြုနိုင်တဲ့ Feature ပါဝင်လာ

date_range 28 July 2017

Windows 10 နောက်ဆုံး Preview မှာ Android ဖုန်းနဲ့ PC ကို တွဲဖက်အသုံးပြုနိုင်တဲ့ Feature ပါဝင်လာ

visibility 2220 Views

                Microsoft ရဲ့ ပြီးခဲ့တဲ့ ‘Build’ Conference မှာ PC တွေနဲ့ စမတ်ဖုန်းတွေ အတူတူပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ ပြောကြားသွားခဲ့တာကို သိကြမှာပါ။ အခု နောက်ဆုံးထွက်ရှိလာတဲ့ Windows 10 Insider Preview (Build 16251) မှာ ဒီ Feature တွေထဲက တစ်ခုဖြစ်တဲ့ “Cross-Device Browsing” Feature ကို Insider Program ဝင်ထားသူတွေ စတင်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။


                “Cross-Device Browsing” ဆိုတာ Device တစ်ခု ( ဥပမာ- ဖုန်း ) ရဲ့ Browser ကနေ ဖွင့်ထားတဲ့ Links, Websites တွေကို နောက် Device တစ်ခု ( ဥပမာ- PC ) ဆီ ချက်ချင်းလှမ်းပို့ပြီး၊ Browsing မပျက် Device ပြောင်းသုံးနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ PC နဲ့ ကိုယ်နဲ့က တစ်နေရာစီဆိုရင်လည်း PC သုံးတော့မှ ပြန်ကြည့်ဖို့အတွက် “Continue Later” နဲ့ လှမ်းပို့ထားနိုင်ပါတယ်။ ထူးထူးခြားခြား Feature မဟုတ်ပေမယ့်၊ အသုံးဝင်တဲ့ Feature တစ်ခုပါ။ 

                ဒီ Feature ကို မနေ့ ( ဂျူလိုင် ၂၆ ရက်နေ့) က ထွက်ရှိလာတဲ့ Insider Preview (Build 16251) ရပြီးသူတွေသာ သုံးစွဲနိုင်ဦးမှာဖြစ်ပြီး၊ Update ရပြီးတာနဲ့ ကိုယ့် PC Settings ထဲမှာ “Phone” ဆိုတဲ့ Option တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။


                အဆိုပါ Settings ကနေ ကိုယ့် PC နဲ့ ဖုန်းကို Link လုပ်ဖို့အတွက် “Microsoft Apps” ဆိုတဲ့ Android App တစ်ခုကို ဖုန်းထဲသွင်းပေးရမှာပါ။ iPhone နဲ့ပါ Link လုပ်နိုင်တယ်ရေးထားပေမယ့်၊ လောလာဆည်တော့ iOS အတွက် မရသေးဘဲ၊ Android ဖုန်းနဲ့ပဲ ချိတ်နိုင်ဦးမှာဖြစ်ပါတယ်။ ဒီနည်းအတိုင်းမဟုတ်ဘဲ၊ Google Play Store ကနေလည်း “Microsoft Apps” လို့ ရိုက်ရှာပြီး၊ Install လုပ်ကာ App ထဲမှာ ပြထားတဲ့အဆင့်တွေအတိုင်း လုပ်နိုင်ပါတယ်။

                အသုံးပြုပုံကတော့ ဖုန်းမှာ ဘာ Browser နဲ့ပဲဖြစ်ဖြစ်၊ Website တွေ လျှောက်ကြည့်နေရင်း PC ကနေ ဆက်ကြည့်ချင်တယ်ဆိုရင် “Share” ဆိုတာကို နှိပ်လိုက်တာနဲ့၊ Share လုပ်နိုင်တဲ့ Services တွေထဲမှာ “Continue on PC” ကို တွေ့မြင်ရမှာပါ။ အဲဒါကို နှိပ်လိုက်တာနဲ့ PC ဆီ ချက်ချင်း Link လှမ်းဖွင့်ခိုင်းမှာလား “Continue Now” နဲ့ ဒါမှမဟုတ် နောက်မှကြည့်ဖို့ “Continue Later” နှစ်ခု ရွေးခိုင်းမှာဖြစ်ပါတယ်။ Continue Later ဆိုရင်တော့ Windows 10 ရဲ့ Action Center ထဲမှာ Link ကို သိမ်းထားပေးမှာဖြစ်ပါတယ်။


                ဒီ Feature ကို အသုံးပြုဖို့အတွက် ဖုန်းမှာလည်း “Microsoft Apps” ကနေ Microsoft Account ဝင်ထားရမှာဖြစ်ပြီး၊ PC မှာလည်း အဆိုပါအကောင့်ကိုပဲ ဝင်ထားရမှာဖြစ်ပါတယ်။

                စမ်းသပ်ကြည့်သလောက်ကတော့ ကိုယ်က Edge မဟုတ်ဘဲ တခြား Browser တစ်ခုကို Default ရွေးထားလည်း၊ ဒီနည်းအတိုင်း Link Sharing လုပ်လိုက်ရင် သူ့ Browser ဖြစ်တဲ့ Microsoft Edge နဲ့ပဲ ဖွင့်ပြမှာဖြစ်ပါတယ်။

                လောလောဆည် Android နဲ့ပဲ ချိတ်ဆက်သုံးနိုင်ပေမယ့်၊ နောက်ပိုင်းမှာ iPhone တွေကိုလည်း Support ပေးမှာဖြစ်ပါတယ်။

                အခု Insider Preview မှာ နောက်ထပ်ပါလာတဲ့ Feature အသစ်နောက်တစ်ခုကတော့ Windows 10 ရဲ့ Digital Assistant လေး “Cortana” အတွက် Voice Commands အသစ်တွေ ဖြစ်ပါတယ်။ ကျနော်တို့ အမြဲတောင့်တနေတဲ့ Cortana Function တွေဆိုရင်လည်း မမှားပါဘူး။ ဒါတွေကတော့ “Hey Cortana, turn off my PC” လို့ ပြောလိုက်တာနဲ့ PC ကို Shutdown ချပေးမှာဖြစ်ပါတယ်။ Shutdown မတော်တဆချမိတာတွေကို ကာကွယ်ဖို့အတွက် Shutdown တကယ်လုပ်မှာလားလို့ မေးမှာဖြစ်ပြီး၊ “Yes” လို့ ဖြေပေးမှ လုပ်နိုင်မှာဖြစ်ပါတယ်။ Sign Out, Lock နဲ့ Restart တွေကိုလည်း Voice Commands နဲ့ လုပ်နိုင်ပြီဖြစ်ပါတယ်။

                အထက်ပါ Features တွေအကုန်လုံးက Insider Program ဝင်ထားသူတွေပဲ ရဦးမှာဖြစ်ပြီး၊ နောက်ထွက်မယ့် Windows 10 Major Update ဖြစ်တဲ့ “Fall Creators Update” လာတော့မှ အကုန်သုံးနိုင်မှာဖြစ်ပါတယ်။

References
Tech Radar The Verge Windows Blog
About Author
Assinged Tags
Microsoft Android iPhone Windows Windows 10 Edge Browser Cortana Voice_Commands Fall Creators Update Windows 10 Fall Creators Update Windows Insider Windows Insider Preview Build Cross-Device Browsing Windows Insiders Program Preview
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed