Windows 10 မှာ Eye Tracking Support ထည့်သွင်းပေးသွားမည်

date_range 02 August 2017

Windows 10 မှာ Eye Tracking Support ထည့်သွင်းပေးသွားမည်

visibility 280 Views

                Micorosoft ဟာ Windows 10 ထဲမှာ Eye Tracking Support ကို Software Built-In အဖြစ်ထည့်သွင်းပေးဖို့ ကြိုးစားလျက်ရှိပါတယ်။ Amyotrophic Lateral Sclerosis (ALS) နဲ့ တခြား ဦးနှောက်နဲ့အာရုံကြောရောဂါရှိသူတွေအနေနဲ့ PC ကိုအသုံးပြုဖို့ရာခက်ခဲလှပါတယ်။ ဒီလိုရောဂါဖြစ်နေတဲ့သူတွေအတွက် Windows ကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်အောင် ရည်ရွယ်ပြီး Eye Tracking Feature ကိုထည့်သွင်းပေးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။


                Dubbed Eye Control လို့ခေါ်တဲ့ Windows 10 Feature ဟာဆိုရင်တော့ မျက်လုံးရဲ့ ရွေ့လျားမှုတွေအပေါ်မူတည်ပြီး Mouse အဖြစ်၊ On-Screen Keyboard မှာစာရိုက်တာနဲ့ App Icon တွေကိုကြည့်နေရုံနဲ့ Launch လုပ်ပေးတာ စ တဲ့ Function တွေပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Feature ကိုအသုံးပြုဖို့အတွက် Tobii’s Eye Tracker 4C ဆိုတဲ့ Hardware တစ်ခုလိုအပ်မှာဖြစ်ပါတယ်။ 

                Dubbed Eye Control အတွက်လိုအပ်တဲ့ Hardware Support  အနေနဲ့ နောက်ပိုင်းမှာ Tobii Dynavox PCEye Mini, PCEye Plus, EyeMobile Plus နဲ့ I-Series တွေလည်း Support ပေးလာဦးမှာပါ။ လက်ရှိအချိန်မှာတော့ ဒီ Eye Control Feature ဟာ Beta အနေနဲ့ထွက်ရှိထားပြီး Windows Insider Program မှာ Sign Up ပြုလုပ်ထားသူတွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ နောက်ပိုင်း Windows Update တွေမှာတော့ Official Feature အနေနဲ့ထွက်လာဖို့ရှိပါတယ်။

                Microsoft မှ Eye Tracking Feature ကိုပူးပေါင်းပြီးပြုလုပ်ပေးဖို့အတွက် အကြံဉာဏ်ကို ၂၀၁၄ ခုနှစ်မှာကျင်းပခဲ့တဲ့ Hackathon ပွဲမှာ Microsoft ၀န်ထမ်းတစ်ယောက်ရဲ့ Entry တစ်ခုကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ Entry ကို ALS ရောဂါဖြစ်နေတဲ့ နာမည်ကြီး အမေရိကန် Football ကစာသမား Steve Gleason ကိုယ်တိုင်ပါ၀င်ကူညီပေးထားခဲ့ပါတယ်။

                Microsoft ဟာ Eye Tracking Feature အတွက် သုတေသနပြုလုပ်ဖို့ Team တစ်ခုဖွဲ့စည်းပေးခဲ့ပြီး Microsoft CEO ဖြစ်တဲ့ Satya Nadella ကိုယ်တိုင် ဒီ Feature ကို Windows 10 မှာ တရား၀င်ထည့်သွင်းပေးဖို့ကို ထောက်ခံပေးခဲ့ပါတယ်။ ဘယ်အချိန်လောက်မှာ Eye Tracking Feature ကို Windows 10 မှာ တရား၀င်မြင်တွေ့ရမယ်ဆိုတာ သေချာမသိရှိသေးပေမဲ့ ၂၀၁၈ အစောပိုင်းကာလလောက်မှာ မြင်တွေ့ရမယ်လို့တော့ ခန့်မှန်းရပါတယ်။ 

References
The Verge Engadget Tobii Eye Tracking
About Author
Assinged Tags
Microsoft Windows Windows 10 Microsoft Windows Microsoft CEO Eye Tracking Dubbed Eye Control Eye Tracking Support Tobii's Eye Tracker 4C
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed