Android O ရဲ့နာမည်ဟာ အားလုံးမျှော်လင့်ထားတဲ့ Oreo ဖြစ်လာမည်မဟုတ်

date_range 19 June 2017

Android O ရဲ့နာမည်ဟာ အားလုံးမျှော်လင့်ထားတဲ့ Oreo ဖြစ်လာမည်မဟုတ်

visibility 900 Views

                Android O ရဲ့နာမည်အတွက် Oreo ကို အသုံးပြုဖို့ Hiroshi Lockheimer ရဲ့ Tweet တစ်ခုအရ မသေချာလောက်တော့ပါဘူး။ ဒီသတင်းကိုမသိသေးခင်အထိ စာရေးသူကိုယ်တိုင် Android O ရဲ့နာမည်ကို Oreo ပဲဖြစ်မှာပါလို့ စိတ်ထဲစွဲနေခဲ့တာပါ။ ဖတ်ရှုနေတဲ့သူ အားလုံးကိုလည်း ဒီ Oreo ဆိုတဲ့နာမည်ကို အထူးတလည်ထပ်ရှင်းပြနေစရာ လိုလောက်မယ်မထင်ပါဘူး။

                Oreo ဟာ Chocolate Sandwich Cookie အမျိုးအစားမို့လို့ အချိုမုန့်လည်းဟုတ်သလို လူတိုင်းလည်းသိတဲ့မုန့်နာမည်တစ်မျိုးပါပဲ။ Android Version 4.4 မှာတုန်းက Kit Kat Chocolate ကို တရား၀င်နာမည်အနေနဲ့သတ်မှတ်ပေးခဲ့တာကြောင့် Developers တွေနဲ့ အသုံးပြုသူအားလုံး ဒီတစ်ခေါက် Android 8.0 မှာ O ဆိုတဲ့နာမည်ကို Oreo လို့ထင်မှတ်ထားကြတာပါ။


                Android OS Development အတွက်ဦးဆောင်သူ Hiroshi Lockheimer ရဲ့ Twitter မှာ Urgent ဆိုတဲ့ Tweet တစ်ခုကို Voting Poll နဲ့အတူတွဲတင်ခဲ့ပါတယ်။ ဒီ Voting Poll မှာ Vote Option သုံးမျိုးအနေနဲ့ Peanut M&Ms, Milk Chocolate M&Ms နဲ့ Orangina ဆိုပြီး ပါ၀င်ခဲ့ပါတယ်။ M&Ms ဟာလည်း Chocolate အလုံးလေးတွေထုတ်လုပ်တဲ့ နာမည်ကြီးအချိုမုန့်တစ်ခုပါပဲ။ ဒါပေမဲ့ ဒီ Voting Poll နဲ့တော့ ဘာမှမသက်ဆိုင်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ M&M ဆိုတဲ့နာမည်မှာ O တစ်လုံးမှကို မပါ၀င်လို့ပါပဲ။ ပိုဆိုးတာက Oreo ဆိုတဲ့နာမည်ကို Voting Poll မှာလုံး၀ကို မတွေ့မြင်ခဲ့ရတာပါ။ 

                Orangina ဆိုတာကတော့ ပြင်သစ်နိုင်ငံကနေထုတ်လုပ်တဲ့ Carbonated လိမ္မော်အရသာ အချိုရည်တစ်မျိုးပါ။ ဒီနာမည်ကို အတော်များများကြားဖူးဖို့ ခဲယဉ်းသလို Android OS သမိုင်းကြောင်းမှာ အချိုမုန့်တွေပဲ နာမည်ပေးခဲ့တာပါ။ တကယ်လို့သာ Orangina ဆိုတဲ့နာမည်ကို တရား၀င်ပေးဖြစ်ခဲ့ရင်တော့ Android OS သမိုင်းကြောင်းအနေနဲ့ Android Version 8.0 နေရာမှာ ခြွင်းချက်အဖြစ် Orangina ဆိုတဲ့ Carbonated အချိုရည်နာမည်ပေးခဲ့တယ်ဆိုပြီး မှတ်သားရတော့မှာပါ။ 


                Android Version 8.0 ရဲ့ Easter Egg က လိမ္မော်ရောင်အဝိုင်းလေးဖြစ်နေတာမို့လို့ Oreo ဖြစ်မလာပဲနဲ့ Orangina နာမည်ပဲဖြစ်လာဖို့ ပိုများသွားပြီဆိုတော့ အထူးတလည်ပြောနေစရာမလိုတော့ပါဘူး။ ဘာဖြစ်လို့ Oreo ဆိုတဲ့နာမည်ကိုမသုံးတာလဲ ဆိုတာကို စဉ်းစားမရပါဘူး။ တကယ်လို့သာ အတည်ပြုကြေညာခဲ့တယ်ဆိုရင်တော့ Android Version အလိုက် အချိုမုန့်နာမည်တွေကြားမှာ ပထမဦးဆုံးအနေနဲ့ အချိုရည်နာမည်တစ်ခုကို တွေ့မြင်ရတော့မှာပါ။ Oreo လေးအတွက်ကတော့ စိတ်မကောင်းပါဘူး။

References
Android Authority
About Author
Assinged Tags
Android Android History Android Tablet Android O Android Phone Orangina Oreo Android Version Hiroshi Lockheimer M&M
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed