၂၀၁၇ ရဲ့ နေကြတ်ခြင်းနဲ့အတူ တရား၀င်မိတ်ဆက်ပေးသွားဖို့ရှိတဲ့ Android O

date_range 21 August 2017

၂၀၁၇ ရဲ့ နေကြတ်ခြင်းနဲ့အတူ တရား၀င်မိတ်ဆက်ပေးသွားဖို့ရှိတဲ့ Android O

visibility 1660 Views

                ကျွန်တော်တို့ အရင်တစ်ပတ်က  Android O ကို သြဂုတ်လ ၂၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းတစ်ခုအရ သိရှိခဲ့ရပါတယ်။ ဒါ့အပြင် သြဂုတ်လ ၂၁ ရက်နေ့ဟာ အမေရိကန်နိုင်ငံမှာ နေကြတ်ခြင်းကို တွေ့မြင်ရမယ့်နေ့လည်းဖြစ်နေပါတယ်။ ဒီလို နေကြတ်တာကို အမေရိကန်နိုင်ငံ စံတော်ချိန်အရ နေ့ခင်း ၂ နာရီကျော် (မြန်မာနိုင်ငံစံတော်ချိန် ည ၁၂ နာရီခွဲ) လောက်မှာ မြင်တွေ့ရဖို့ရှိပါတယ်။ 

                နေကြတ်တာနဲ့အတူ ယနေ့မြန်မာစံတော်ချိန် ည ၁၂နာရီခွဲလောက်မှာ Android O ရဲ့ နာမည်ဟာ Oreo လား Orangina လားဆိုတာကို တိတိကျကျသိရှိလာရတော့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ နေ့လည် ၂ နာရီခွဲကျော်လောက်မှာ နေကြတ်တာနဲ့အတူ Android O ကိုပါ Google မှ တရား၀င်မိတ်ဆက်ပေးသွားမယ်လို့ သိရှိထားပါတယ်။

                Android O အတွက် Countdown ကိုလည်း Google မှ နေကြတ်တဲ့ပုံစံ Theme နဲ့အတူ (https://www.android.com/eclipse) မှာ တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ဘယ်ပြည်နယ်မှာတော့ နေကြတ်တာကို အပြည့်အ၀ တွေ့နိုင်မယ်/မတွေ့နိုင်ဘူးဆိုတာကိုလည်း Countdown Website မှာပဲ ရှာဖွေကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

                ဒီလိုနေကြတ်တာကိုလည်း Live အနေနဲ့ NASA ရဲ့ 2017 Solar Eclipse Live Stream မှာလည်း ကြည့်ရှုနိုင်သလို Android O ကိုမိတ်ဆက်တဲ့ Live Stream ကနေလည်း ပြသပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

                လက်ရှိအချိန်မှာတော့ Android O အတွက် နာမည်ဟာ Oreo ပဲဖြစ်လာမလား၊ Orangina ပဲဖြစ်လာမလားဆိုတာကို အတိအကျမသိရှိရသေးပေမဲ့၊ ဘယ်နာမည်ဟာ အတည်ဖြစ်လာမလဲဆိုတာကို သိရှိရဖို့အတွက် အများကြီးစောင့်ဆိုင်းစရာလည်းမလိုတော့ပါဘူး။  Android O ကိုတရား၀င်မိတ်ဆက်ပေးတဲ့အခါကျရင်လည်း Google ကနေ Android O မှာ ဘာတွေပြောင်းလဲထားတယ်ဆိုတာကိုလည်း အသေးစိတ် ဆက်လက်တင်ပြပေးသွားပါမယ်။ 

References
GSM Arena
About Author
Assinged Tags
Google Android Android O Android O Reveal Solar Eclipse Eclipse
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed