Google မှ Android O Developer Preview 4 ထုတ်လုပ်ပေးလိုက်ပြီး၊ Final Release ထွက်ရှိလာဖို့သိပ်မကြာတော့ဟုဆို

date_range 25 July 2017

Google မှ Android O Developer Preview 4 ထုတ်လုပ်ပေးလိုက်ပြီး၊ Final Release ထွက်ရှိလာဖို့သိပ်မကြာတော့ဟုဆို

visibility 280 Views

                Google မှ Android O Developer Preview 4 ကို ထုတ်လုပ်ပေးလိုက်ပြီး ဒီ Build ဟာ နောက်ဆုံး Preview Build ဖြစ်တယ်လို့လည်း အတည်ပြုပြောကြားလိုက်ပါတယ်။ အခုထွက်ရှိလာတဲ့ Preview 4 မှာ နောက်ဆုံးကျန်ရှိနေတဲ့ Bugs တွေကိုရှင်းထုတ်ပေးခဲ့ပြီး Final Release ထွက်ရှိဖို့အတွက် အဆင်ပြေ/မပြေစမ်းသပ်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ သိရှိရပါတယ်။

                Google ရဲ့ Android Developer Blog မှပြောကြားချက်အရလည်း Developers တွေအနေနဲ့ ဒီ Preview Build ကိုစမ်းသပ်သုံးစွဲကြည့်ပြီး မိမိ Develop လုပ်နေတဲ့ App တွေကိုလည်း Android O နဲ့ကိုက်ညီအောင် Update ထုတ်လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။ 

                Developer Preview 4 ဟာ Developers တွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ Build မျိုးမဟုတ်ပဲ စမ်းသပ်သုံးစွဲချင်တဲ့သူတွေအနေနဲ့လည်း အဆင်ပြေပြေအသုံးပြုလို့ရအောင် ထုတ်လုပ်ပေးထားတယ်လို့ဆိုပါတယ်။ ဒီ Preview 4 Build ကို Google Pixel, Pixel XL, Nexus 6P, Nexus 5X, Nexus Player, Pixel C နဲ့ Android Emulator တွေမှာ စတင်သုံးစွဲလို့ရပြီဖြစ်ပါတယ်။

                Google မှ ဒီ Preview 4 မတိုင်ခင် Build မှာလည်း Android O အတွက် API သစ်တွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ Developers တွေကိုလည်း ဒီလို Notification Channels, Background Location Limits နဲ့ ပိုပြီးကောင်းမွန်အောင်ပြုလုပ်ပေးထားတဲ့ Doze စတဲ့ API အသစ်တွေကို မိမိ App တွေနဲ့တွဲဖက်ပြီး ကောင်းကောင်းမွန်မွန်အသုံးပြုလို့ရအောင် Develop လုပ်ပေးဖို့လည်းတိုက်တွန်းထားပါသေးတယ်။

                ဒီ Preview 4 Build နဲ့အတူ Developer Tools အသစ်တွေကိုလည်း Android 26.0.0 Support Library ထဲမှာ ထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Android Support Library အတွက် Android Test Orchestrator, Multiprocess Espresso စတဲ့ Feature အသစ်ပေါင်းများစွာပါ၀င်လာမယ်လို့ဆိုပါတယ်။

                တကယ်လို့သာ အပေါ်မှာပြောပြခဲ့တဲ့ Device တစ်လုံးလုံးသင့်လက်ထဲမှာရှိနေတယ်ဆိုရင်တော့ ဒီ Link ကနေ၀င်ရောက်ပြီး Android Beta Program မှာပါ၀င်နိုင်ပါတယ်။ Android Beta Program ထဲမှာရှိနေတဲ့ Device တွေသာ ဒီ Preview Build ကို OTA Update အနေနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။

References
Android Central
About Author
Assinged Tags
Google Android Android O Android 8 App Developers System Update Developer Preview Developer Preview Build Developer Preview Build 4
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed