iPhone 8 ကို လက်ထဲ မကိုင်ဆောင်ထားဘဲ စားပွဲပေါ် ချထားရင်တောင် အသုံးပြုသူရဲ့ မျက်နှာကို Scan ဖတ်နိုင်ဖွယ်ရှိ

date_range 08 August 2017

iPhone 8 ကို လက်ထဲ မကိုင်ဆောင်ထားဘဲ စားပွဲပေါ် ချထားရင်တောင် အသုံးပြုသူရဲ့ မျက်နှာကို Scan ဖတ်နိုင်ဖွယ်ရှိ

visibility 9740 Views

                iPhone 8 မှာ Facial Recognition ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလ ကတော့ တဖြည်းဖြည်း ပိုပြီး သေချာလာနေပါတယ်။ Developer တွေ စမ်းသပ်နိုင်ဖို့အတွက် မကြာသေးခင်က ထုတ်ပေးခဲ့တဲ့ HomePod Firmware ထဲကနေ iPhone 8 ရဲ့ Screen Design ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီ့ Firmware ကြောင့်ပဲ ထွက်ပေါ်လာတဲ့ နောက်ဆုံးရ သတင်းတစ်ခုကတော့ iPhone 8 ဟာ လက်နဲ့ ကိုင်ဆောင်ထားစရာ မလိုဘဲ စားပွဲပေါ် ချထားတဲ့ အနေအထားနဲ့တင် အသုံးပြုသူရဲ့ မျက်နှာကို Scan ဖတ်နိုင်လိမ့်မယ် ဆိုတာပါပဲ။

                Pearl ID လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Facial Recognition ရဲ့ Setting (သို့မဟုတ်) Feature တစ်ခု ဖြစ်နိုင်တဲ့ “resting.pearl.unlock” ဆိုတဲ့ စကားရပ်အချို့ကို Firmware ထဲမှာ တွေ့မြင်ခဲ့ရတာဖြစ်ပြီး၊ အဲ့ဒီ့ Feature နဲ့ဆိုရင် iPhone 8 ကို စားပွဲ (သို့မဟုတ်) အခြား မျက်နှာပြင် တစ်ခုခုပေါ်မှာ တင်ထားရင်တောင် မျက်နှာကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

                Pearl ID ကို Third-party App တွေမှာလည်း အသုံးပြုနိုင်ဖွယ်ရှိကြောင်းကို တွေ့ရပါသေးတယ်။ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ လုပ်ဆောင်ချက်တွေကို Facial Recognition အကူအညီနဲ့ လုံခြုံရေး အဆင့်မြှင့်တင်ထားနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေ လုံခြုံရေး စနစ်ဖြစ်တဲ့ Touch ID ကိုလည်း Third-party App တွေကို အသုံးပြုခွင့် ပေးခဲ့တာကြောင့် Sensitive Data သိမ်းဆည်းတဲ့ App တွေနဲ့ Banking/Payment နဲ့ ပက်သက်တဲ့ App တွေမှာ Apple ရဲ့ Pearl ID ကို အသုံးပြုနိုင်ခြေ များပါတယ်။

                Touch ID အစား Facial Recognition ကို ပြောင်းလဲ အသုံးပြုမယ်ဆိုတာကို တချို့ကတော့ သိပ်ဘဝင်မကျသေးပါဘူး။ ဖုန်းကို Unlock လုပ်မယ့်အချိန်တိုင်း ကိုယ့်မျက်နှာနဲ့ တည့်တည့်မှာ ကိုင်ဆောင်ထားတာ မဟုတ်သလို၊ မျက်နှာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖုန်းက မြင်တွေ့ရတာ၊ ဖုန်းကို အမှောင်ထဲမှာ အသုံးပြုတာ၊ စတဲ့ အခြေအနေတွေမှာ Facial Recognition ကောင်းကောင်း အလုပ် မလုပ်မှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အခုထွက်လာတဲ့ သတင်းလို မျက်နှာကို တည့်တည့်ထားစရာမလိုဘဲ၊ အခြား Angle တစ်ခုကနေ Scan ဖတ်နိုင်မယ် ဆိုရင်တော့ ကျေနပ်စရာပါ။ Infrared နည်းပညာကိုလည်း အသုံးပြုသွားဖွယ် ရှိတာကြောင့် အမှောင်ထဲမှာ မျက်နှာကို Scan ဖတ်ဖို့ အဆင်ပြေသွားနိုင်ပါတယ်။

                လက်ရှိအသုံးပြုနေတဲ့ Touch ID ကို Screen ရဲ့ အောက်မှာ မြုပ်နှံ ထည့်သွင်းသွားမယ်လို့ အစက ပြောဆိုခဲ့ကြပေမယ့် မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲ့ဒီ့ အစီအစဉ်ကို အခက်အခဲ တချို့ကြောင့် ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ သုံးရတာ အသားကျပြီး အဆင်ပြေလာပြီ ဖြစ်တဲ့ Touch ID ကို အခြား တစ်နေရာရာမှာ ထည့်သွင်းပေးသွားမလား၊ လုံးဝ ချန်ထားခဲ့တော့မှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

References
Tech Crunch
About Author
Assinged Tags
Facial Recognition Technology iPhone 8 related news Infrared 3D Facial Recognition Face Unlock Infrared Scanner Apple iPhone 8 Apple iPhone 8 Plus Pearl ID Touch ID
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed