Samsung Galaxy Note 8 ကို ဩဂုတ်လ (၂၃) ရက်တွင် မိတ်ဆက်မည်

date_range 22 July 2017

Samsung Galaxy Note 8 ကို ဩဂုတ်လ (၂၃) ရက်တွင် မိတ်ဆက်မည်

visibility 1360 Views

                အားလုံးစောင့်မျှော်နေကြတဲ့ Galaxy Note 8 ကို ဩဂုတ်လ (၂၃) ရက်၊ New York မှာ ကျင်းပမယ့် Unpacked Event မှာ မိတ်ဆက်ပေးဖို့ သေချာသွားပါပြီ။ စက်တင်ဘာလမှာ ကျင်းပမယ့် IFA 2017 နဲ့ Apple ရဲ့ iPhone 8 မိတ်ဆက်ပွဲ တွေထက် ရက်အနည်းငယ် စောပြီး မိတ်ဆက်ပေးတော့မှာပါ။

                Samsung Mobile ရဲ့ Twitter မှာ တင်ခဲ့တဲ့ ပုံမှာဆိုရင် Infinity Display ပါဝင်တဲ့ Galaxy Note 8 ကို S-Pen နဲ့ အတူတွေ့မြင်ရမှာပါ။ Note ဖုန်းတွေရဲ့ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ လုပ်ဆောင်နိုင်တဲ့အရာတွေကို Do Bigger Things လို့ ရေးသား ဖော်ညွှန်းထားပါတယ်။

                ပြီးခဲ့တဲ့ လတွေက Note 7 Battery ပေါက်ကွဲမှုတွေကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတဲ့ Samsung အတွက်တော့ Note 8 ဟာ ကုမ္ပဏီနဲ့ Note Series ကို လူအများ ယုံကြည်မှု ပြန်လည်ရယူပေးနိုင်မလား ဆိုတာက စိတ်ဝင်စားစရာပါ။ Samsung ဟာ ဒီတစ်ခေါက်မှာတော့ Note ဆိုတဲ့ နာမည်ကို မသုံးစွဲတော့ဘူး ဆိုတဲ့ ကောလဟာလ တချို့လည်း ထွက်နေပါတယ်။ ဒါပေမယ့် Battery ပြဿနာတွေ မဖြစ်ခင်ကဆိုရင် Note Series က အတော်လေးနာမည်ရခဲ့တာကြောင့် ဒီနာမည်နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုကတော့ မသေချာသေးပါဘူး။

                ခန့်မှန်းချက်များ အရတော့ Note 8 ဟာ ဒေါ်လာ (၉၀၀) ခန့် ကျသင့်နိုင်တယ်လို့ သိရပါတယ်။ မျက်နှာပြင် အကျယ် (၆.၃) လက်မ ရှိနိုင်ပြီး Note 7 ရဲ့ (၅.၇) လက်မ အကျယ် မျက်နှာပြင်ထက်တော့ သိသိသာသာ ပိုကြီးနေမှာပါ။ Snapdragon 835 Processor နဲ့ 3,300 mAh Battery ပါဝင်လာမယ်လို့လည်း ပြောဆိုနေကြပါတယ်။ ဩဂုတ်လ (၂၃) ရက်မှာ ကျင်းပမယ့် Unpacked Event ကို samsung.com မှာ Live Stream ကြည့်ရှုနိုင်မှာဖြစ်ပြီး ဘယ်လို အသစ်အဆန်းတွေ ကြေငြာသွားဦးမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

References
Tech Crunch
About Author
Assinged Tags
Samsung Tablet Galaxy Note 8 Unpacked Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed