Xperia ဖုန်းတွေမှာ မကြာခင် သုံးလာနိုင်တဲ့ 3D Facial Recognition စနစ်ကို Sony စမ်းသပ်နေ

date_range 29 June 2017

Xperia ဖုန်းတွေမှာ မကြာခင် သုံးလာနိုင်တဲ့ 3D Facial Recognition စနစ်ကို Sony စမ်းသပ်နေ

visibility 700 Views

                ယခုအချိန်မှာ ဖုန်းကို Unlock ပြုလုပ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုလာကြပါတယ်။ PIN, Password တွေအပြင် Fingerprint Sensor နဲ့ လက်ဗွေကို အသုံးပြုလာကြသလို မျက်လုံးကို Scan ဖတ်ပြီး Unlock ပြုလုပ်ပေးနိုင်တဲ့ Iris Scanner, မျက်နှာတစ်ခုလုံးကို Scan ဖတ်ပြီး Unlock ပြုလုပ်နိုင်တဲ့ Face Unlock စသဖြင့် အမျိုးမျိုးအသုံးပြုလာကြပါတယ်။

                အခုသိရှိရတဲ့သတင်းအရ Sony ကနေပြီးတော့လည်း Face Unlock နည်းပညာတစ်ခုကို စမ်းသပ်နေပြီး အဲ့ဒါကတော့ 3D Facial Recognition စနစ်ဖြစ်ပါတယ်။ Sony ရဲ့ အပြောအရတော့ အဆိုပါ စနစ်ဟာ လက်ရှိဖုန်းတွေမှာ အသုံးပြုနေတဲ့ 2D Face Recognition ထက်ပိုပြီး အားသာချက်အများအပြားရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဓါတ်ပုံနဲ့ Unlock ပြုလုပ်ခြင်းတွေကို ကာကွယ်ပေးနိုင်မှာပါ။

                လက်ရှိ ရှန်ဟိုင်းမှာကျင်းပနေတဲ့ Mobile World Congress ပွဲမှာ Sony က အခု 3D Facial Recognition စနစ်ကို Xperia Smartphone တစ်ခုပေါ်မှာ စမ်းသပ်ပြခဲ့ပါတယ်။ အဆိုပါဖုန်းမှာ Sony ပိုင် Company တစ်ခုဖြစ်တဲ့ SoftKinect ကနေ အထူးပြုလုပ်ထားတဲ့ 3D Depth Sensor ပါဝင်ပြီး၊ Facial Recognition Software ကိုတော့ Switzerland နိုင်ငံအခြေစိုက် KeyLemon Company ကနေ ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ KeyLemon ဟာ Desktop နဲ့ PC တွေအတွက်လည်း မျက်နှာအသုံးပြုပြီး၊ Log In ဝင်နိုင်တဲ့ Software တစ်ခုကိုလည်း ထုတ်ပေးထားပြီး၊ အဆိုပါ Software အသုံးပြုကို ဒီ Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

                Sony ကတော့ သူ့ရဲ့ဖုန်းတွေမှာ သုံးဖို့ရှိတဲ့ အခု 3D Facial Recognition စနစ်ဟာ အခြား Facial Recognition စနစ်တွေထက် ပိုပြီး လုံခြုံရေးကောင်းမွန်မှာဖြစ်တယ်လို့ပြောကြားထားပါတယ်။ လက်ရှိမှာတော့ 3D Facial Recognition စနစ်အသုံးပြုထားတဲ့ Sony Xperia ဖုန်းမရှိသေးပေမယ့် နောက်လာမယ့် Flagship ဖုန်းတွေမှာ ထည့်သွင်းပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ 

                ယခုဆောင်ရွက်ချက်မှုကြောင့် Sony အနေနဲ့ လက်ရှိ US မှာ တရားစွဲဆိုခံရနိုင်မှုကြောင့် Fingerprint Sensor ထည့်သွင်းခွင့်မရရှိတာလည်း တနည်းအားဖြင့် အဆင်ပြေသွားနိုင်ပြီး၊ အခြား Sony Users တွေကိုလည်း ပြန်လည်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Sony Facial Recognition Technology Smartphones Biometrics Sony Xperia KeyLemon Facial Recognition Software 3D Facial Recognition Face Unlock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed