ဆွဲထုတ်နိုင်တဲ့ မျက်နှာပြင်အပိုတစ်ခုပါ LG V30 စမတ်ဖုန်းရဲ့ ဒီဇိုင်းပုံရိပ်များ ထွက်ပေါ်

date_range 28 May 2017

ဆွဲထုတ်နိုင်တဲ့ မျက်နှာပြင်အပိုတစ်ခုပါ LG V30 စမတ်ဖုန်းရဲ့ ဒီဇိုင်းပုံရိပ်များ ထွက်ပေါ်

visibility 6350 Views

                LG ဟာ စက်တင်ဘာလထဲမှာ ကုမ္ပဏီရဲ့ တန်ဖိုးကြီးစမတ်ဖုန်းမော်ဒယ်အသစ်ဖြစ်တဲ့ V30 ကို ထုတ်လုပ်သွားဖို့ ရှိပါတယ်။ LG အနေနဲ့ V30 မှာ သုံးနေကြ LCD Display အစား၊ OLED Display ကို ပြောင်းသုံးသွားဖို့ ရှိတယ်ဆိုတာ ကျနော်တို့ ဖော်ပြပြီးဖြစ်ပါတယ်

                အခုနောက်ထပ် သိရှိရတဲ့ သတင်းအရ V30 ဟာ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

                စမတ်ဖုန်းကောလဟာလသတင်းတွေနဲ့ ပတ်သတ်ပြီး ဆရာတစ်ဆူဖြစ်တဲ့ Evan Blass ရဲ့ Twitter အကောင့်မှာ ဖော်ပြထားချက်အရ V30 စမတ်ဖုန်းမှာ ဆွဲထုတ်လို့ရတဲ့ အပို Display တစ်ခု ပါဝင်လာနိုင်တာကို တွေ့ရပါတယ်။


                Blass ဟာ LG V30 ရဲ့ ဒီဇိုင်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြခဲ့ပြီး၊ ဒီဓာတ်ပုံတွေဟာ V30 ကို စတင်အကောင်အထည်ဖော်တုန်းက Mock-up ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။ LG ကုမ္ပဏီဘက်က Project Joan လို့ အမည်ပေးထားခဲ့တဲ့ V30 စမတ်ဖုန်းကို ယခုဒီဇိုင်းအတိုင်းပဲ ထုတ်မှာလား၊ ဒါမှမဟုတ် ဒီဇိုင်းပြောင်းလဲမှုတွေ လုပ်ခဲ့သလားဆိုတာကိုတော့ Blass က မသေချာကြောင်းလည်း သတိပေးထားပါတယ်။

                Blass ဖော်ပြခဲ့တဲ့ Renders ပုံတွေအရ V30 စမတ်ဖုန်းမှာ Main Display တစ်ခု ပါဝင်ပြီး၊ အဆိုပါ Display ကို အပေါ်ကို ဆွဲတင်လိုက်ရင် အောက်မှာ နောက်ထပ် ဒုတိယ Display တစ်ခု ထွက်လာမှာပါ။ ဒုတိယ Display ကို ကီးဘုတ်အနေနဲ့ အသုံးပြုနိုင်သလို၊ Search Results တွေ ဖော်ပြတာ၊ ဒါမှမဟုတ် Main Display မှာ App Icons တွေ ဖော်ပြဖို့ အသုံးပြုနိုင်ပါတယ်။


                LG V30 ရဲ့ ယခုဒီဇိုင်းဟာ တကယ်တမ်းတော့ ထူးခြားတဲ့ Concept တစ်ခုမဟုတ်ပါဘူး။ BlackBerry Priv မှာလည်း ဒီလိုမျိုး အပေါ်ဆွဲတင်နိုင်တဲ့ Main Display ပါရှိပြီး၊ ဆွဲတင်လိုက်ရင် အောက်မှာ ကီးဘုတ်တစ်ခု ပေါ်လာမှာပါ။ အဆိုပါကီးဘုတ်ကို Laptop တွေက Trackpad တွေလိုတောင် အသုံးပြုနိုင်ပါသေးတယ်။

LG အနေနဲ့ ယခုဒီဇိုင်းအတိုင်းပဲ V30 ကို ထုတ်လုပ်မှာလားဆိုတာကတော့ လာမယ့်စက်တင်ဘာလမှာ စောင့်ကြည့်ရမှာပါ။ 

References
The Verge
About Author
Assinged Tags
LG LG Smartphones Evan Blass OLED Display LG V30 series smartphone Secondary Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed