LG မှ OLED သုံး စမတ်ဖုန်းအသစ်ကို ယခုနှစ်အတွင်းမိတ်ဆက်ပေးရန်စီစဉ်နေ

date_range 17 May 2017

LG မှ OLED သုံး စမတ်ဖုန်းအသစ်ကို ယခုနှစ်အတွင်းမိတ်ဆက်ပေးရန်စီစဉ်နေ

visibility 250 Views

                တောင်ကိုရီးယား အခြေစိုက် Electronic ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ဟာ ယခုနှစ်အတွင်းမှာပဲ LG V30 လို့ခေါ်တဲ့ Smartphone သစ်မှာ OLED Display ထည့်သွင်းဖို့ စီစဉ်နေတယ်လို့သိရှိရပါတယ်။ နှစ်အတော်ကြာကြာ Smartphone အတော်များများမှာ LCD Display သာ ထည့်သွင်းပေးထားခဲ့တဲ့ LG Smartphones တွေအဖို့ ဒါဟာထူးခြားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ 

                LG အနေနဲ့ကတော့ ဒီ V30 ဖုန်းဟာ ပထမဦးဆုံးအနေနဲ့ OLED အသုံးပြုထုတ်လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ LG Flex နဲ့ Flex 2 မှာလည်း Plastic-based P-OLED Curved Display အနေနဲ့လည်းထုတ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဒီဖုန်းလေးတွေဟာ ထင်သလောက် Popular မဖြစ်ခဲ့သလို User Feedback တွေကလည်း မကောင်းမွန်ခဲ့ပါဘူး။ 

                Samsung Smartphones တွေမှာတော့ Flagship series တွေမှာ AMOLED Screen တွေထည့်သွင်းပေးခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ LG ဟာ LCD Panel တစ်ခုတည်းကိုပဲ အဓိကထားပြီး အသုံးပြုခဲ့ပါတယ်။ အခုထွက်ရှိလာမယ့် V30 ဟာလည်း Samsung Note series ကိုအပြိုင်ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ဖုန်းတစ်လုံးလည်း ဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့သာ OLED Display အနေနဲ့ ထုတ်လုပ်ရာမှာအဆင်ပြေချောမွေ့ခဲ့တယ်ဆိုရင်လည်း လာမည့်နှစ်မှာ အသစ်ထုတ်လုပ်မည့် LG G7 Smartphone မှာပါ OLED Display ပါ၀င်လာမှာလည်းဖြစ်ပါတယ်။ 

                နောက်ထပ် ကောလဟလတစ်ခုအနေနဲ့  LG ဟာ နောက်ပိုင်းထွက်ရှိလာမယ့် Apple ရဲ့ iPhones/iPad တွေအတွက် OLED Display Panel တွေ ထောက်ပံ့ပေးမယ်လိုသိရှိရပါတယ်။ လက်ရှိအနေနဲ့ကတော့ LG V30 ဟာ OLED Display နဲ့အတူ ဘယ်လိုထွက်ရှိလာမလဲဆိုတာကိုစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ 

References
Android Police
About Author
Assinged Tags
Samsung Android LG OLED Display Android Phone LG V30 series smartphone LG Smartphones OLED Display Samsung AMOLED Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed