၁၅ နာရီဆက်တိုက် ဗီဒီယိုကြည့်နိုင်တဲ့ 4.500mAh ဘက်ထရီပါ LG X Power 2 စမတ်ဖုန်း ထွက်ရှိ

date_range 25 February 2017

၁၅ နာရီဆက်တိုက် ဗီဒီယိုကြည့်နိုင်တဲ့ 4.500mAh ဘက်ထရီပါ LG X Power 2 စမတ်ဖုန်း ထွက်ရှိ

visibility 50 Views

                LG ဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် MWC (Mobile World Congress) ပွဲမတိုင်မီမှာပဲ LG X Power 2 ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်ကို စောစောစီးစီးမိတ်ဆက်လိုက်ပါပြီ။

                မော်ဒယ်နိမ့်ဖုန်းတစ်လုံးဖြစ်တဲ့ LG X Power 2 ရဲ့ အဓိကထူးခြားချက်ကတော့ ဘက်ထရီပဲဖြစ်ပြီး၊ 4,500 mAh ဘက်ထရီပါဝင်မှာဖြစ်ပါတယ်။ LG ကုမ္ပဏီကတော့ ဒီဖုန်းဟာ အားတစ်ခါအပြည့်သွင်းပြီးသွားရင် ရုပ်ရှင်၊ဗီဒီယိုကားတွေကို ၁၅ နာရီအထိ ကြည့်ရှုနိုင်ပြီး၊ Web သုံးမယ်ဆို ၁၈ နာရီနဲ့ GPS သုံးမယ်ဆို ၁၄ နာရီအထိ ခံတယ်လို့ ကြော်ြငာထားပါတယ်။

                ဒီ့အပြင် LG X Power 2 မှာ မြန်နှုန်းမြင့်အားသွင်းစနစ်ပါဝင်တာကြောင့် ဘက်ထရီအား ၅၀ ရာခိုင်နှုန်းကို မိနစ် ၆၀ အတွင်း၊ အားအပြည့်ဆို နှစ်နာရီအတွင်း သွင်းပေးနိုင်တယ်လို့ သိရပါတယ်။

                မျက်နှာပြင်အကျယ်က ၅.၅ လက်မရှိပြီး၊HD resolution နဲ့ဖြစ်ပါတယ်။ X Power 2 မှာ ဖုန်းမျက်နှာပြင်ကနေထွက်တဲ့ Blue Light ကို လျော့ချပေးမယ့် "Comfort View" စွမ်းဆောင်ရည်ပါဝင်တာကြောင့် e-books တွေ၊ အင်တာနက်ကစာတွေ ဖုန်းနဲ့သက်တောင့်သက်သာဖတ်လို့ရမှာပါ။ Blue Light က ကြာကြာထိတွေ့ရင် မျက်လုံးညောင်းညာတာတွေနဲ့ ညဘက်မျက်လုံးကျယ်တာတွေ ဖြစ်စေတတ်ပါတယ်။

                ဖုန်းရဲ့တခြားအသေးစိတ်အချက်အလက်တွေကတော့ 1.5GHz octa-core ချစ်ပ်ပါဝင်မယ် (ချစ်ပ်နာမည်တော့ မပြောထားပါဘူး)၊ RAM 2GB ဒါမှမဟုတ် 1.5GB နှစ်မျိုးလာမယ်၊ Storage က 16GB အပြင် microSD ကတ် ထပ်စိုက်လို့ရမယ်၊ ဒီလောက်ပါပဲ။ မော်ဒယ်နိမ့်ဖုန်းတစ်လုံးဆိုတော့ စွမ်းဆောင်ရည်ကတော့ သိပ်မျှော်လင့်စရာမရှိပါဘူး။

                ကင်မရာမှာတော့ 13MP ကျောကင်မရာနဲ့ ရှေ့ကင်မရာက 5MP မြင်ကွင်းကျယ်ကင်မရာတို့ဖြစ်ပြီး၊ Selfie ရိုက်မယ်ဆို လူ့မျက်နှာကိုဖမ်းမိတာနဲ့ အလိုအလျောက်ရိုက်ပေးမယ့် Auto Shot နဲ့ လက်အမူအရာပုံစံနဲ့ ကင်မရာရိုက်နိုင်မယ့် Gesture Shot တို့ပါဝင်ပါတယ်။

                LG X Power 2 မှာ Android နောက်ဆုံးစနစ် 7.0 Nougat ပါဝင်လာမှာဖြစ်ပြီး၊ Black Titan ၊ Shiny Titan ၊ Shiny Gold နဲ့ Shiny Blue ဆိုပြီး ကာလာလေးမျိုးလာမှာပါ။

                X Power 2 စမတ်ဖုန်းကို မတ်လအတွင်း လက်တင်အမေရိကမှာ စတင်ရောင်းချမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ တခြားစျေးကွက်တွေအထိ တင်ပို့ဖို့ရှိနိုင်ပါတယ်။ စျေးနှုန်းကိုတော့ လောလောဆည်မကြေငြာထားပေမယ့်၊ ပထမ X Power ဖုန်းတုန်းက ၁၅၀ဒေါ်လာစျေးပဲရှိခဲ့တာကြောင့် ခန့်မှန်းလို့ရမှာပါ။

References
Android Authority Engadget
About Author
Assinged Tags
Android Smartphones LG LG Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed