MLCD+ နည်းပညာ အသုံးပြု Display ပါဝင်မယ့် LG G6 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို ဇွန်လထဲမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ LG

date_range 19 February 2018

MLCD+ နည်းပညာ အသုံးပြု Display ပါဝင်မယ့် LG G6 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းကို ဇွန်လထဲမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ LG

visibility 580 Views

                LG အနေနဲ့ ၂၀၁၈ နှစ်ဦးတုန်းက ကျင်းပသွားခဲ့တဲ့ CES 2018 မှာ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်း မော်ဒယ်အသစ် မိတ်ဆက်ပေးတာကို ပုံမှန်အတိုင်း တစ်နှစ်တစ်ကြိမ် မိတ်ဆက်ပေးသွားတော့မှာ မဟုတ်ပဲ လိုအပ်ရင် လိုအပ်သလို စမတ်ဖုန်းအသစ်တွေ ထုတ်လုပ်မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။

                ဒါ့အပြင် အရင်တုန်းက ထွက်ရှိထားတဲ့ LG ရဲ့ Flagship စမတ်ဖုန်း Series နှစ်ခုဖြစ်တဲ့ G Series နဲ့ V Series စမတ်ဖုန်း မော်ဒယ်အသစ်တွေ အပြင် အခြား စမတ်ဖုန်း မော်ဒယ်အသစ်တွေကိုလည်း ထုတ်လုပ် ရောင်းချနိုင်ဖို့အတွက် LG အနေနဲ့ ကြံစည်နေတယ်လို့ သိရပါတယ်။

                ပြီးခဲ့တဲ့အပတ်တုန်းက LG အနေနဲ့ LG V30 ကို အဆင့်မြှင့်တင်ထားတဲ့ LG V30s စမတ်ဖုန်းကို ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် Mobile World Congress 2018 မှာ မိတ်ဆက်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့သလို အခုအခါမှာတော့ Judy လို့ အမည်ဝှက် ပေးထားတဲ့ Flagship စမတ်ဖုန်း မော်ဒယ်အသစ်တစ်ခုကို LG အနေနဲ့ ဇွန်လထဲမှာ မိတ်ဆက်လာနိုင်တယ်လို့ ကောလာဟလတွေ ထပ်မံ ထွက်ပေါ်လာခဲ့ ပြန်ပါပြီ။

                တောင်ကိုရီးယား အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ LG အနေနဲ့ ကနဦးက LG G6 ရဲ့ မျိုးဆက်သစ် မော်ဒယ် တစ်ခုဖြစ်တဲ့ LG G7 ကို MWC 2018 မှာ ပြသဖို့ ကြံစည်ထားခဲ့ပေမယ့် ထုတ်လုပ်ရေးပိုင်း နှောင့်နှေးမှုများကြောင့် LG G6 ရဲ့ မျိုးဆက်သစ် မော်ဒယ်ကို ဇွန်လထဲကျမှ  ပြသ သွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် LG G7 လို့ အမည်ပေးသွားမှာ မဟုတ်ပဲ အခြား နာမည်သစ်တစ်ခုနဲ့ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Venture Beat မှ ဖော်ပြထားချက်များအရ Judy လို့ အမည်ဝှက်ပေးထားတဲ့ စမတ်ဖုန်း မော်ဒယ်အသစ်မှာ ၆.၁ လက်မ အရွယ်အစားရှိ 18:9 Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ MLCD+ နည်းပညာကို Display မှာ အသုံးပြုထားမှာ ဖြစ်တာကြောင့် Brightness အနေနဲ့ 800-Nits အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံမှန် IPS LCD Panel တွေထက် ပါဝါအသုံးပြုမှု အပိုင်းမှာလည်း ၃၅ ရာခိုင်နှုန်း ပိုမိုသက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Processor ပိုင်းမှာတော့ ၂၀၁၈ ခုနှစ်အတွင်း မိတ်ဆက်သွားမယ့် Flagship စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုသွားမှာဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 845 SoC ကိုပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ RAM အနေနဲ့ ကတော့ 4GB သာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Internal Storage ကတော့ 64GB ပါဝင်မှာ ဖြစ်ပါတယ်။

                ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 16-Megapixel f/1.6 Dual Camera Setup ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် MWC 2018 မှာ မိတ်ဆက်ပေးသွားမယ့် LG V30s စမတ်ဖုန်းမှာလိုပဲ LG Judy စမတ်ဖုန်းရဲ့ ကင်မရာပိုင်းမှာလည်း AI နည်းပညာ အသုံးပြု LG Lens ကို အသုံးပြုလာနိုင်တယ်လို့လည်း သိရပါတယ်။

                IP68 Dust and Waterproof Rating လည်း LG Judy စမတ်ဖုန်းမှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Sound System ပိုင်းမှာ ပိုမိုကောင်းမွန်စေဖို့ အတွက် Stereo Speaker တွေကို အသုံးပြုသွားမှာ ဖြစ်တဲ့အပြင် HDR Support၊ Wireless Charging၊ Digital Assistant၊ Voice Recognition တို့လည်း LG Judy စမတ်ဖုန်းမှာ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
LG LG Smartphones Smartphone Leaks Rumors LG V30 series smartphone LG Smartphones LG G7 Leaks LG G6
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed