Screen-To-Body Ratio 100% နီးပါးရှိ Display ကို အသုံးပြုထားတဲ့ Vivo စမတ်ဖုန်းသစ်ရဲ့ အချက်အလက်များ ပေါက်ကြား

date_range 09 February 2018

Screen-To-Body Ratio 100% နီးပါးရှိ Display ကို အသုံးပြုထားတဲ့ Vivo စမတ်ဖုန်းသစ်ရဲ့ အချက်အလက်များ ပေါက်ကြား

visibility 3000 Views

                Synaptics နဲ့ ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး Under-Display Fingerprint Scanner အသုံးပြု Vivo X20 Plus UD စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့ပြီး နည်းပညာလောကရဲ့ သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ Vivo ဟာ နောက်ထပ်လည်း ဆက်လက်ပြီး Screen-To-Body Ratio 100% နီးပါးရှိတဲ့ Display ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။


                ဒီစမတ်ဖုန်းသစ်နဲ့ ပက်သတ်တဲ့ ပုံရိပ်တွေလည်း Weibo ကနေတစ်ဆင့် ပေါက်ကြားခဲ့ပါတယ်။ Wiebo မှာ ပေါက်ကြားခဲ့တဲ့ ပုံရိပ်တွေအရ ဘာမော်ဒယ်မှန်း မသိရသေးတဲ့ ဒီစမတ်ဖုန်းသစ်မှာ Screen-To-Body Ratio 100% နီးပါးရှိတဲ့ Display ကို အသုံးပြုလာနိုင်ပြီး Vivo X20 Plus UD မှာလိုပဲ Under-Display Fingerprint Scanner လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇိုင်းပိုင်းနဲ့ သက်ဆိုင်တဲ့ ပုံရိပ်တွေပဲ ပေါက်ကြားခဲ့တာ ဖြစ်တဲ့အတွက် Specifications တွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။


                ဒီဇိုင်းပိုင်းနဲ့ ပက်သတ်ပြီး ပုံမှာ မြင်တွေ့ရအတိုင်းပဲ ဖုန်းရဲ့အောက်နားလောက်မှာပဲ Bezel အနည်းငယ်ကို မြင်တွေ့ရမှာ ဖြစ်ပြီး အပေါ်နဲ့ ဘေးနှစ်ဘက်မှာတော့ Bezel တွေ မရှိသလောက်ကို နည်းပါးသွားမှာ ဖြစ်ပါတယ်။ Display ရဲ့ အရွယ်အစား အတိအကျကို သိရှိရခြင်း မရှိသေးပေမယ့် Vivo X20 နဲ့ X20 Plus မော်ဒယ်နှစ်ခုမှာ ၆ လက်မ နဲ့ ၆.၄၃ လက်မ Display တွေကို အသုံးပြုထားတာကြောင့် အခုပေါက်ကြားလာတဲ့ Vivo ရဲ့ စမတ်ဖုန်းမော်ဒယ်အသစ်မှာလည်း ၆ လက်မ ဒါမှမဟုတ် ၆.၄၃ လက်မ Display ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။


                ဖုန်းရဲ့အပေါ်ပိုင်းမှာ Bezel တွေ မရှိသလောက် နည်းပါးသွားတာကြောင့် Xiaomi ရဲ့ MiMix 2 မှာလို Selfie ကင်မရာကို ဖုန်းရဲ့အောက်နားမှာ ထည့်သွင်းသွားမလား ဒါမှမဟုတ် မကြာသေးမီ အချိန်က ပေါက်ကြားသွားခဲ့တဲ့ စပိန်အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Doogee ရဲ့ Doogee Mix 3 မှာလို Rear ကင်မရာကို အပေါ်လှန်တင်ပြီး Selfie ကင်မရာအဖြစ် အသုံးပြုနိုင်တဲ့ ပုံစံမျိုးလုပ်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


                အခုလို Rear ကင်မရာကို လှန်တင်ပြီး Selfie ကင်မရာ အဖြစ်အသုံးပြုနိုင်တဲ့ နည်းပညာကို Flip-Up Camera တွေလို့ ခေါ်ဆိုပြီး ပထမဆုံး အသုံးပြုခဲ့တာကတော့ နာမည်ကြီး တရုတ် စမတ်ဖုန်း ကုမ္ပဏီ Huawei ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Honor ရဲ့ Honor 7i စမတ်ဖုန်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ Bezel တွေ နည်းသထက် နည်းလာတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်ရန် ကြိုးစားနေကြတဲ့အတွက် နောက်ပိုင်းဖုန်းတွေမှာ Flip-Up Camera တွေ ခေတ်စားလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

                Vivo အနေနဲ့ iPhone X လို Notch ပါဝင်တဲ့ Vivo X30၊ RAM 10GB, Snapdragon 845 SoC အသုံးပြုလာနိုင်တဲ့ Vivo Xplay 7 စတဲ့ စမတ်ဖုန်းတွေကိုလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ မိတ်ဆက်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် ဘယ်ဖုန်းကို ဈေးကွက်ထဲမှာ အရင်ဆုံး မြင်တွေ့ရမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina GizMoChina
About Author
Assinged Tags
Bezel-less smartphone Vivo In-Screen Fingerprint Sensor Under Display Fingerprint Sensor Vivo Xplay 7 Bezel-Less Display Vivo X20 Vivo X20 Plus UD
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed