Under-Display Fingerprint Sensor ပါဝင်တဲ့ Vivo X20 Plus UD စမတ်ဖုန်းကို Vivo ပွဲထုတ်

date_range 25 January 2018

Under-Display Fingerprint Sensor ပါဝင်တဲ့ Vivo X20 Plus UD စမတ်ဖုန်းကို Vivo ပွဲထုတ်

visibility 480 Views

                ပြီးခဲ့တဲ့ CES 2018 မှာ Under-Display Fingerprint Sensor အသုံးပြုထားတဲ့ စမတ်ဖုန်း Prototype ကို မိတ်ဆက်ပြသပေးခဲ့တဲ့ Vivo ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ Vivo X20 Plus UD စမတ်ဖုန်းကို တရားဝင် မိတ်ဆက်ပေးသွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလို Vivo X20 Plus UD စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ပေးလိုက်တာ ကြောင့် Vivo အနေနဲ့ ကမ္ဘာ့ပထမဆုံး Under-Display Finger Sensor အသုံးပြုထားတဲ့ Android စမတ်ဖုန်း ထုတ်လုပ်နိုင်တဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။


                Vivo X20 Plus UD စမတ်ဖုန်းဟာ Under-Display Fingerprint Sensor ပါဝင်လာတာက လွဲလို့ အခြား Specifications တွေမှာတော့ အရင်တုန်းက ထွက်ရှိထားတဲ့ Vivo X20 Plus စမတ်ဖုန်းနဲ့ ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။ Vivo X20 Plus UD စမတ်ဖုန်းမှာ Display ပိုင်းအတွက် ၆.၄၃ လက်မ အရွယ်အစားရှိ 18:9 Full HD+ (2160 x 1080 Pixels) Super-AMOLED Display ကို အသုံးပြုထားပါတယ်။


                Front Glass နဲ့ Display Panel ကြားထဲမှာ Synaptics ရဲ့ Clear ID FS9500 လို့ အမည်ရတဲ့ Under-Display Fingerprint Sensor ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Vivo ရဲ့ ပြောကြားချက်များအရ Under-Display Fingerprint Sensor ကို အသုံးပြုနိုင်ရန် အတွက် Photoelectric Reflection နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။

                Vivo ရဲ့ အဆိုအရ လက်ဗွေရာ ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက် အားလုံးအတွက် ၀.၆ ကနေ ၀.၇ စက္ကန့်အကြား ကြာမြင့်မယ်လို့ သိရပါတယ်။ ပုံမှန် Fingerprint Sensor တွေမှာ လက်ဗွေရာ ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက် အားလုံးအတွက် ၀.၂ စက္ကန့်သာ ကြာမြင့်မှာ ဖြစ်တာကြောင့် Vivo X20 Plus UD ရဲ့ Under-Display Fingerprint Sensor က ၀.၄ စက္ကန့်လောက် နောက်ကျတယ်လို့ ဆိုလို့ရပါတယ်။

                ဒါပေမယ့် သာမန် စမတ်ဖုန်းတစ်လုံးမှာ Facial Recognition လုပ်ဆောင်ချက်တွေအတွက်  ၁.၄ စက္ကန့်လောက် ကြာမြင့်မှာ ဖြစ်တာကြောင့် Vivo ရဲ့ Under-Display Fingerprint Sensor က ၀.၇ စက္ကန့်လောက်သာတယ်လို့လည်း ပြောလို့ရမှာပါ။


                ဒါ့အပြင် Under-Display Fingerprint Sensor ကို Unlock လုပ်ဖို့အတွက်ပဲ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ iPhone X မှာလိုပဲ Face ID ကို Apple Pay အတွက် အသုံးပြုနိုင်သလို Vivo X20 Plus UD မှာလည်း Alipay၊ WeChat တို့မှာ ပိုမိုလုံခြုံတဲ့ ငွေပေးချေမှုတွေအတွက် Under-Display Fingerprint Sensor ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

                Specifications အနေနဲ့ Vivo X20 Plus UD မှာ Snapdragon 660 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ အရင်တုန်းက ထွက်ရှိထားတဲ့ X20 Plus မှာ Internal Storage 64GB သာပါဝင်ခဲ့ပေမယ့် X20 Plus UD မှာတော့ Internal Storage 128 GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage Space မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် microSD Card Slot လည်း ပါဝင်ပါတယ်။


                OS အနေနဲ့ Android 7.1.1 Nougat OS ကို အခြေခံထားတဲ့ Fun Touch OS 3.2 ကို အသုံးပြုထားပါ တယ်။ ဒါ့အပြင် X20 Plus မှာ မိတ်ဆက်ပေးခဲ့တဲ့ Face Wake Facial Recognition Feature လည်း အခု X20 Plus UD မှာ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Under-Display Fingerprint Sensor ကို မသုံးချင်ဘူးဆိုရင် Face Wake Facial Recognition Feature ကနေတစ်ဆင့် ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။

                ပိုမိုကောင်းမွန်တဲ့ Game-Play Experience ရရှိစေဖို့ အတွက် Vivo X20 Plus UD မှာ Vivo Game Engine ပါဝင်မှာ ဖြစ်ပါတယ်။ Dual Apps Support လည်း ပါဝင်မယ်လို့ သိရပါတယ်။ Music ပိုင်း ပိုမို ကောင်းမွန်စေဖို့ အတွက် Hi-Fi Audio ES9318 DAC+Amp ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI Feature လည်း ပါဝင်တယ်လို့ Vivo က ဆိုပါတယ်။


                X20 Plus UD မှာ Dual Rear Camera Setup အတွက် 12 MP Sensor, f/1.8 နဲ့ 5 MP Sensor ကို အသုံးပြုထားပြီး Front Camera အတွက်ကိုတော့ Vivo ထုံးစံအတိုင်း Selfie အသားပေး 12 MP Sensor, f/2.0 ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် Vivo Image Cube လို့ အမည်ရတဲ့ 256 MB Image Sensor Processor လည်း Vivo X20 Plus UD မှာ ပါဝင်တယ်လို့ သိရပါတယ်။

                X20 Plus မှာ 3905 mAh Battery ကို အသုံးပြုခဲ့ပေမယ့် X20 Plus UD မှာတော့ 3800 mAh Battery ကိုသာ အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Fast Charging Support လည်း Vivo X20 Plus UD မှာ ပါဝင်မှာ ဖြစ်ပါတယ်။ Connectivity Features တွေအနေနဲ့ Dual-SIM Support, 4G VoLTE, Wi-Fi, Bluetooth 5.0, microUSB, 3.5mm Audio Jack တို့ ပါဝင်မှာ ဖြစ်ပါတယ်။ 165.3 x 80.1 x 7.5 mm အရွယ်အစားရှိပြီး ၁၈၁.၅ ဂရမ် အလေးချိန် ရှိတယ်လို့ သိရပါတယ်။


                Vivo X20 Plus UD စမတ်ဖုန်းကို Black With Gold Aesthetic အရောင်တစ်မျိုးနဲ့ပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Vivo အနေနဲ့ X20 Plus UD ကို အခုလက်ရှိမှာတော့ တရုတ်ပြည်တွင်းမှာသာ ရောင်းချသွားမှာဖြစ်ပြီး နိုင်ငံတကာသို့ ထုတ်လုပ် ဖြန့်ချီမယ့်နေ့ကိုတော့ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

                Vivo X20 Plus UD ကို အမေရိကန် ဒေါ်လာ ၅၆၅ ဒေါ်လာ (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်က စတင်ပြီး Pre-Order မှာယူနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဖြန့်ချီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina GizChina
About Author
Assinged Tags
Vivo Under Display Fingerprint Under Display Fingerprint Sensor Face Unlock Vivo X20 X20 Plus Vivo X20 Plus Vivo X20 Plus UD
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed