2018 နှင့် 2022 ကမ္ဘာဖလားဘောလုံးပြိုင်ပွဲရဲ့ တရားဝင်စပွန်ဆာကုမ္ပဏီဖြစ်လာသည့် Vivo

date_range 02 June 2017

2018 နှင့် 2022 ကမ္ဘာဖလားဘောလုံးပြိုင်ပွဲရဲ့ တရားဝင်စပွန်ဆာကုမ္ပဏီဖြစ်လာသည့် Vivo

visibility 220 Views

                တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ကုမ္ပဏီဟာ 2018 နှင့် 2022 ကမ္ဘာဖလားအတွက် ယူရိုသန်း ၄၀၀ တန်ကြေးရှိတဲ့ Official Sponsor စာချုပ်များချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေငြာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ 

                Vivo ကုမ္ပဏီအနေဖြင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA နှင့် ၆နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် Russia နိုင်ငံမှာကျင်းပမဲ့ ၂၀၁၈ ကမ္ဘာဖလား ၊ ၂၀၂၂ ခုနှစ် Qatar နိုင်ငံမှာ ကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲစတဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ Vivo Logo ကို ဘောလုံးကွင်းပတ်လည်မှာ မြင်တွေ့ရတော့မှာဖြစ်တဲ့အပြင် ကမ္ဘာဖလားဘောလုံးပွဲဝင်ခွင့်လက်မှတ်တွေမှာပါ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

                ဒါ့အပြင် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFAဝန် ထမ်းတွေအနေဖြင့်လည်း ကမ္ဘာဖလားဘောလုံးပွဲ ကျင်းပနေစဉ်အတွင်း Vivo Smartphone များကိုအသုံးပြုရာမှာဖြစ်ပြီး Vivo ကုမ္ပဏီအနေဖြင့် ဘောလုံးပရိတ်သတ်များနှင့်သက်ဆိုင်သည့် စမတ်ဖုန်းတစ်လုံးကိုလည်း ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

                Vivo Company အနေနဲ့ နိုင်ငံတကာဈေးကွက်ထဲအလျင်အမြန်ထိုးဖောက်ဝင်ရောက်နိုင်ရန်ကြိုးစားလျက်ရှိပြီး၊ ယခု FIFA နှင့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမှာ  လူသိများတဲ့ပြိုင်ပွဲများကို တတိယအကြိမ်မြောက် Sponsored ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အရင် Main Sponsor ပေးခဲ့တာတွေကတော့ India နိုင်ငံမှာကျင်းပနေတဲ့ Indian Premier League နှင့် တရုတ်နိုင်ငံမှာကျင်းပနေတဲ့ NBA China တို့ပဲဖြစ်ပါတယ်။

                ဒါ့အပြင် Vivo အနေဖြင့် American ဘတ်စကတ်ဘောကစားသမားတစ်ဦးဖြစ်တဲ့ Stephen Curry ကိုလည်း Vivo Xplay6 Brand Ambassador အဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

This Article is Contributed by AK
References
GSM Arena Washington Times
About Author
Assinged Tags
Vivo World Cup
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed