စျေးနှုန်းသက်သာတဲ့ 18:9 Display အသုံးပြု ZTE Blade V9 စမတ်ဖုန်းကို MWC 2018 မှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ ZTE

date_range 08 February 2018

စျေးနှုန်းသက်သာတဲ့ 18:9 Display အသုံးပြု ZTE Blade V9 စမတ်ဖုန်းကို MWC 2018 မှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ ZTE

visibility 580 Views

                တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ ZTE အနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက Snapdragon 835 SoC သုံး Flagship စမတ်ဖုန်း ZTE Nubia Z17 ကို မိတ်ဆက်ပေးခဲ့သလို ကန်ဒေါ်လာ ၁၂၉ ဒေါ်လာခန့်သာ ကျသင့်ပြီး Dual-Camera ပါဝင်တဲ့ Budget စမတ်ဖုန်း ZTE Blade Z Max ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအခါမှာတော့ ZTE Blade Series ရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်တဲ့ ZTE Blade V9 စမတ်ဖုန်းကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပသွားမှာဖြစ်တဲ့ MWC 2018 ပွဲမှာ မိတ်ဆက်သွားနိုင်တယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။


                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ZTE စပိန် Website မှာ ZTE Blade V9 နဲ့ ပက်သတ်တဲ့ Specifications တွေ အမှတ်မထင် ပေါက်ကြားသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Specifications တွေ ပေါက်ကြားပြီး မကြာခင် အချိန်အတွင်းမှာပဲ ZTE Blade V9 နဲ့ ပတ်သတ်တဲ့ အချက်အလက် အားလုံးကို Website ကနေ ပြန်လည် ဖြုတ်ချပစ်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်များအရ ZTE Blade V9 စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ Budget Series စမတ်ဖုန်းတွေထဲမှာ ပထမဆုံး 18:9 Display အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပြီး ၅.၇ လက်မ အရွယ်အစားရှိ Full HD+ (2160 x 1080) Display ကို အသုံးပြုလာနိုင်ပါတယ်။


                Bezel-Less Display ကို အသုံးပြုထားတာကြောင့် Fingerprint Sensor ကိုတော့ ဖုန်းရဲ့ ကျောဘက် ခြမ်းမှာပဲ မြင်တွေ့ရမှာပါ။ ကိုယ်ထည်ပိုင်းအတွက်ကိုတော့ Metal နဲ့ Glass ကို ပေါင်းစပ် ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Processor ပိုင်းမှာတော့ Qualcomm ရဲ့ Entry Level Processor တစ်ခုဖြစ်တဲ့ Snapdragon 450 64-bit Octa-Core SoC ကို အသုံးပြုလာနိုင်ပါတယ်။ ZTE Blade V9 ကို RAM 2GB, Internal 16GB၊ RAM 3GB, Internal 32GB၊ RAM 4GB, Internal 64GB စတဲ့ မော်ဒယ်သုံးမျိုး အနေနဲ့ ထုတ်လုပ်ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။


                ဒါ့အပြင် Storage Space မလုံလောက်ဘူး ဆိုရင်လည်း microSD Card ထပ်စိုက်လို့ရမယ် ဆိုပေမယ့် Hybrid Dual-SIM Card Slot ဖြစ်လာနိုင်တဲ့အတွက် SIM Card နှစ်ကဒ် အသုံးပြုမယ်ဆိုရင်တော့ SD Card ထည့်သွင်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Rear ကင်မရာအတွက် Dual Camera Setup ကို အသုံးပြုထားပြီး 16MP f/1.8 Aperture Primary Sensor နဲ့အတူ 5MP Secondary Sensor ပါဝင်ပြီး Autofocus, LED Flash, Fixed-Focus စတဲ့ Feature တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ Slefie ပိုင်းအတွက်ကိုတော့ 13MP Camera ကို အသုံးပြုနိုင်ပါတယ်။


                ZTE Blade V9 မှာ Pre-Installed Android Oreo ပါဝင်လာနိုင်ပြီး 3200 mAh Non-Removable Battery ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် 3.5mm Headphone Jack နဲ့ microUSB Port တစ်ခု ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Connectivity Options တွေ အနေနဲ့ 2G GSM, 3G UMTS, 4G VoLTE, 802.11b/g/n Wi-Fi, NFC, Bluetooth 4.2 တို့ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ZTE Blade V9 ကို အရွယ်အစား 151.4 x 70.6 x 7.5 mm နဲ့ ထုတ်လုပ်လာနိုင်ပြီး အလေးချိန် ၁၄၀ ဂရမ် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


                စျေးနှုန်းနဲ့ ပက်သတ်လို့ ကောလာဟလတွေ ထွက်ပေါ်ခြင်း မရှိသေးပေမယ့် အရင်တုန်းက ထွက်ရှိထားတဲ့ ZTE Blade Z Max ကို ကန်ဒေါ်လာ ၁၂၉ ဒေါ်လာ ဝန်းကျင်နဲ့ ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် ZTE Blade V9 ကို ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina AndroidHeadlines
About Author
Assinged Tags
Smartphone Leaks Rumors ZTE Blade series smartphone ZTE ZTE Nubia Z17 Leaks ZTE Blade Z Max ZTE Blade V9
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed