Snapdragon 835, RAM 8GB, Dual Camera နှင့် Quick Charge 4.0 ပါဝင်တဲ့ ZTE Nubia Z17 ကို မိတ်ဆက်

date_range 02 June 2017

Snapdragon 835, RAM 8GB, Dual Camera နှင့် Quick Charge 4.0 ပါဝင်တဲ့ ZTE Nubia Z17 ကို မိတ်ဆက်

visibility 11950 Views

                တရုတ်အခြေစိုက် ဖုန်းကုမ္မဏီတစ်ခုဖြစ်တဲ့ ZTE Company က သူတို့ရဲ့ Flagship Series ဖုန်းအမျိုးအစားထဲမှာ တစ်ခုအပါအဝင်ဖြစ်လာမယ့် ZTE Nubia Z17 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ZTE Nubia Z17 ဟာ Qualcomm Snapdragon 835 Chipset နဲ့ RAM 8GB အပြင် Storage 128GB ပါဝင်တဲ့အတွက် လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံးဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ZTE Nubia Z17 ဟာ Full HD Bezel-less Display ကိုပါ အသုံးပြုထားတာကြောင့်၊ Design ပိုင်းကလည်း စွဲမက်စရာပါပဲ။


                ZTE Nubia Z17 ဟာ တရုတ်နိုင်ငံမှာ Xiaomi Mi6 ပြီးရင် ဒုတိယမြောက် Snapdragon 835 Chipset ကို သုံးနိုင်တဲ့ဖုန်းဖြစ်လာပါတယ်။ Camera ပိုင်းလည်း အထူးကောင်းမွန်ပြီးတော့ 2× optical zoom နဲ့ 10x Dynamic zoom ကို Support ပြုလုပ်တဲ့ 23MP + 12MP Dual Back Camera ပါဝင်ပြီးတော့ အရှေ့ Selfie Camera ကတော့ 16MP 80-degree wide-angle lens ပါဝင်မှာဖြစ်ပါတယ်။ 

                Nubia Z17 ဖုန်းဟာ Android 7.1.1 Nougat ကို Nubia UI 5.0 နဲ့ အသုံးပြုရမှာဖြစ်ပြီး တစ်ခါအားသွင်းရုံနဲ့ ZTE Nubia Z17 ရဲ့ 3200mAh Battery ကို ၂ ရက်အထိ အသုံးခံစေမယ့် NeoPower 3.0 Feature လည်း ပါဝင်မှာပါ။ ZTE Nubia Z17 ဟာ ပထမဆုံး Qualcomm ရဲ့ Quick Charge 4.0 ပါဝင်တဲ့ဖုန်းဖြစ်ပြီး 0% ကနေ 50% ကို အားသွင်းဖို့ ၂၅ မိနစ်ပဲ ကြာမှာဖြစ်ပါတယ်။

                ZTE Nubia Z17 မှာ Dolby Atmos speaker, IR Blaster နဲ့ ရေအနက် ၁ မီတာမှာ နာရီဝက်အထိရေစိမ်ခံတဲ့ IP 67 Protection လည်းပါဝင်မှာဖြစ်ပါတယ်။ 3.5mm Headphone jack တော့ ပါဝင်တော့မှာမဟုတ်ပါဘူး။ USB Type-C နဲ့ ဖြစ်ပြီး၊ Fingerprint senor ကတော့ ဖုန်းနောက်ကျောဘက်မှာပါ။ 

                ZTE Nubia Z17 ကို Black and Gold, Black, Gold, Red နဲ့ Blue ဆိူပြီး အရောင်မျိုးစုံဝယ်ယူနိုင်မှာဖြစ်ပြီး 6 GB RAM + 64 GB ကို CNY2,799 ($411), 6 GB RAM + 128 GB storage ကို CNY3,399 ($499) ဖြင့်ရောင်းချမှာဖြစ်ပြီး အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ 8 GB RAM + 128 GB Version ကိုတော့ CNY3,999 ($583) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones Snapdragon 835 Quick Charging related Dual Camera Smartphones ZTE ZTE Nubia Z17
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed