စျေးသက်သာပြီး Dual-Camera ပါ၀င်လာမယ့် ZTE Blade Z Max

date_range 15 August 2017

စျေးသက်သာပြီး Dual-Camera ပါ၀င်လာမယ့် ZTE Blade Z Max

visibility 660 Views

                ZTE ကုမ္ပဏီကနေ မိတ်ဆက်လာတဲ့ Blade Z Max ဆိုတဲ့ စမတ်ဖုန်းအသစ်ဟာ USD $129 နဲ့၀ယ်ယူနိုင်တဲ့ Dual-Camera ပါ၀င်လာမယ့် Budget စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။  


                Blade Z Max မှာ Qualcomm Snapdragon 435 SoC ကိုအသုံးပြုထားမှာဖြစ်ပြီး၊ RAM အနေနဲ့ကတော့ 2GB ပါ၀င်လာမှာဖြစ်ပါတယ်။ Internal Storage ကိုတော့ 32GB ပါ၀င်လာမှာဖြစ်ပြီး၊ Expandable Storage အနေနဲ့ SD Card ကို 128 GB အထိ ထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ Battery အနေနဲ့ 4,080 mAh ပါ၀င်လာမှာဖြစ်ပါတယ်။ 

                Dual Camera အတွက် 16-Megapixel နဲ့ 2-Megapixel နှစ်ခုကိုတွဲလျက် အနောက်ဘက်မှာ ထည့်သွင်းပေးထားတယ်လို့ သိရှိရပါတယ်။ တစ်လုံးဟာ Color Sensor ဖြစ်ပြီး၊ နောက်ထပ်တစ်လုံးကိုတော့ Monochrome Sensor အနေနဲ့ ပါ၀င်လာမှာဖြစ်ပါတယ်။ Front-Facing အတွက်ကတော့ 8-Megapixel Camera တစ်ခုကို တပ်ဆင်ပေးထားပါတယ်။ Fingerprint Sensor ကိုလည်း Blade Z Max စမတ်ဖုန်းရဲ့ အနောက်ဘက်မှာ မြင်တွေ့ရမှာပါ။

 

                Display အနေနဲ့ကတော့ LCD ကိုပဲ အသုံးပြုဖို့များပြီး မျက်နှာပြင် ၆ လက်မအကျယ်အ၀န်းရှိတဲ့ Full HD Display Panel ကိုအသုံးပြုထားမှာပါ။ USB-C ကို Charging/Data Port အနေနဲ့အသုံးပြုထားတဲ့အပြင်၊ Android Nougat ကို ထည့်သွင်းအသုံးပြုပေးထားမှာဖြစ်တာကြောင့် Blade Z Max ဟာ စျေးသက်သာပြီး အသုံးပြုရအဆင်ပြေမယ့် စမတ်ဖုန်းတစ်လုံးအဖြစ် စျေးကွက်ထဲမှာ တွေ့မြင်ရလာတော့မှာ ဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Android Nougat ZTE Blade series smartphone Dual Camera ZTE ZTE Blade Z Max Snapdragon 435 Blade Z Max
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed