Project Linda ဆိုတဲ့ Laptop Dock နဲ့ အတူ Razer Phone 2 ကိုပါ စက်တင်ဘာလထဲမှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ Razer

date_range 22 January 2018

Project Linda ဆိုတဲ့ Laptop Dock နဲ့ အတူ Razer Phone 2 ကိုပါ စက်တင်ဘာလထဲမှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ Razer

visibility 760 Views

                လွန်ခဲ့တဲ့နှစ်က ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ 120Hz Display၊ 4000 mAh Battery အသုံးပြုထားတဲ့ Razer Phone နဲ့အတူ စမတ်ဖုန်း လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ Gaming ကုမ္ပဏီကြီး Razer ဟာ အခုအခါမှာလည်း Razer Phone 2 လို့ အမည်ရတဲ့ မျိုးဆက်သစ် Razer Phone ကို ထပ်မံ ထုတ်လုပ်နေပြီလို့ ကောလာဟလတွေ ထွက်ပေါ် နေပါတယ်။

                Razer Phone 2 ကို စက်တင်ဘာလ ဘာလင်မြို့မှာ ကျင်းပသွားမယ့် IFA – Consumer Electronics Fair မှာ တရားဝင် မိတ်ဆက်သွားနိုင်ခြေ ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ CES 2018 မှာ ရှေ့ပြေးပုံစံတစ်ခု အနေနဲ့ မိတ်ဆက်ပြသပေးသွားခဲ့တဲ့ Razer Phone ထည့်သွင်းပြီး Laptop တစ်လုံးလို အသုံးပြုလို့ရမယ့် Project Linda ကိုလည်း Razer Phone 2 နဲ့အတူ တရားဝင် မိတ်ဆက်သွားနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Project Linda ကို တရားဝင် ရောင်းချဖြစ်၊ မဖြစ်ကို မကြာမီ ရက်ပိုင်း အတွင်းမှာ Razer မှ တာဝန်ရှိသူများက ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

                လွန်ခဲ့တဲ့ ရက်တုန်းကလည်း Razer CEO Min-Liang Tan အနေနဲ့ နာမည်ကြီး Tech Reviewer တစ်ယောက်ဖြစ်တဲ့ MKBHD က Razer ရဲ့ Project Linda Laptop Dock နဲ့ ပက်သတ်ပြီး Tweet လုပ်ထားတာကို Reply ပြန်ခဲ့တာကြောင့် Project Linda ကို စျေးကွက်ထဲမှာ မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                Razer က အင်ဂျင်နီယာတွေ အနေနဲ့ Project Linda ကို သုံးလသာ အချိန်ယူ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းအတွက် တစ်လသာ အချိန်ပေးခဲ့တာ ဖြစ်ပါတယ်။ Project Linda ရဲ့ ဒီဇိုင်းပိုင်းကိုတော့ Razer Blade Stealth ရဲ့ ဒီဇိုင်းနဲ့ထပ်တူအခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Software ပိုင်းအတွက်ကိုတော့ Android စမတ်ဖုန်းတွေကို Laptop အဖြစ် ပြောင်းလဲရာမှာ အထူးကျွမ်းကျင်တဲ့ Sentio Software ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရှေ့ပြေးပုံစံ ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GSM Arena Technologist Expert
About Author
Assinged Tags
Razer Razer Smartphone Razer Phone Project Linda Razer Laptop Dock Laptop Dock Razer Phone 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed