Blade Stealth ကို အရင်ကိုယ်ထည်မှာပဲ 13.3-inch Display ပြောင်းလဲပေးပြီး၊ မော်ဒယ်အသစ် မိတ်ဆက်လိုက်တဲ့ Razer

date_range 17 June 2017

Blade Stealth ကို အရင်ကိုယ်ထည်မှာပဲ 13.3-inch Display ပြောင်းလဲပေးပြီး၊ မော်ဒယ်အသစ် မိတ်ဆက်လိုက်တဲ့ Razer

visibility 520 Views

                Razer ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် Ultrabook Gaming Laptop ဖြစ်တဲ့ Blade Stealth ကို ထပ်မံ Update လုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။

                ဒီတစ်ခါ Update လုပ်တာက ကြီးကြီးမားမားမဟုတ်ပေမယ့်၊ သုံးစွဲသူတွေတော့ အကြိုက်တွေ့မယ်ထင်ပါတယ်။

                အခု Razer Blade Stealth အသစ်မှာ Display က 13.3-inch Display ဖြစ်သွားပြီး၊ ကိုယ်ထည်ကတော့ အရင်ကိုယ်ထည်အတိုင်းပဲ ဖြစ်တာတွေ့ရပါတယ်။ အရင် 12.5 inch Display ကနေ ပိုကြီးအောင် လုပ်ဖို့အတွက် Display ရဲ့ ဘေးဘောင်တွေကို အရင်ထက် ၅၀ ရာခိုင်နှုန်းပိုသေးလိုက်တာဖြစ်ပြီး၊ ဒီအကျိုးဆက်အနေနဲ့ Ultrabook က ၂.၈၄ ပေါင်ကနေ ၂.၉၃ ပေါင် ဖြစ်သွားပါတယ်။ Resolution ကတော့ 3200 x 1800 pixels ဖြစ်ပြီး၊ IGZO Touch Panel နဲ့ပဲ ဖြစ်ပါတယ်။ 13.3-inch Display အသစ်ဟာ sRGB Color Gamut Coverage 100% အထိရှိမှာဖြစ်ပြီး၊ Brightness က 400nits အထိ ရှိပါမယ်။


                Blade Stealth ရဲ့ ကျန်တဲ့ Specifications တွေကတေ့ အတူတူပဲဖြစ်ပြီး၊ 2.7GHz Core i7-7500U Processor ၊ 16GB RAM, 256 ကနေ 1TB အထိ ရွေးချယ်နိုင်တဲ့ PCIe M.2 SSD ၊ Intel HD Graphics 620 တို့နဲ့ပဲ ဖြစ်ပါတယ်။ Touchscreen မဟုတ်တဲ့ 12.5-inch, Core i5 မော်ဒယ်ကိုလည်း ဆက်လက်ရောင်းချသွားဦးမှာပါ။ Specifications အပြည့်အစုံကို ဒီမှာ သွားကြည့်နိုင်ပါတယ်။

                စျေးနှုန်းအနေနဲ့ကတော့ 12.5” QHD Non-Touch, Core i5, 128GB မော်ဒယ်က အရင်အတိုင်း ၈၉၉ ဒေါ်လာ၊ 12.5” 4K Touch Panel နဲ့ Core i7, 512GB မော်ဒယ်က ၁,၅၉၉ ဒေါ်လာကနေ ၁,၃၉၉ ဒေါ်လာ ဖြစ်သွားမှာပါ။ အခုမိတ်ဆက်လိုက်တဲ့ 13.3” QHD Touch Panel, Core i7, 256GB SSD မော်ဒယ်ကလည်း ၁၃၉၉ ဒေါ်လာ ဆိုတော့ 4K မော်ဒယ်ကပဲ ပိုရွေးချယ်ချင်စရာ ဖြစ်နေမှာပါ။

                ဒါပေမယ့် အခု 13.3” မော်ဒယ်အသစ်မှာတော့ အရင်လို အနက်ရောင်တစ်ရောင်တည်းမဟုတ်တော့ဘဲ၊ “Gunmetal Gray” ဆိုတဲ့ မီးခိုးရောင်မော်ဒယ်အသစ်ကိုပါ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Black မော်ဒယ်နဲ့ ကွာတာက၊ Gunmetal Gray လက်ပ်တော့အဖုံးပေါ်က Razer Logo က မီးလင်းမှာ မဟုတ်တဲ့အတွက်ကြောင့် သိပ်တော့ စွဲမက်စရာမရှိပါဘူး။


References
AnandTech PC Gamer
About Author
Assinged Tags
Razer Gaming Laptop Ultrabook Razer Blade Stealth
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed