THX အသိအမှတ်ပြုလက်မှတ်ရ ပထမဆုံး Laptop ဖြစ်လာတဲ့ Razer Blade Pro (2017)

date_range 29 March 2017

THX အသိအမှတ်ပြုလက်မှတ်ရ ပထမဆုံး Laptop ဖြစ်လာတဲ့ Razer Blade Pro (2017)

visibility 1720 Views

                လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းလောက်တုန်းက Razer ဟာ Blade Pro Laptop စီးရီးကို Update လုပ်ခဲ့တာ သိကြမှာပါ။ 

                အမြင့်စား Specifications တွေပဲ အသုံးပြုထားတဲ့ Razer Blade Pro (2016) ဟာ Tech Reviewer တော်တော်များများရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ Gaming Laptop တစ်လုံးဖြစ်ပါတယ်။

                ယခု ၂၀၁၇ ခုနှစ်မှာတော့  Razer က စောစောစီးစီးပဲ Blade Pro မော်ဒယ်အသစ်ကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။

                2017 Blade Pro ကတော့ နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ George Lucas တည်ထောင်ခဲ့တဲ့ Hi-Fi Audio နဲ့ Video အရည်အသွေးစစ်ဆေးရေးကုမ္ပဏီ THX ရဲ့ Certification (အသိအမှတ်ပြုလက်မှတ်) ရရှိထားပြီး၊ THX က စစ်ဆေးအသိအမှတ်ပြုထားတဲ့ ပထမဆုံး Laptop အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

                အသုံးပြုထားတဲ့ Hardware ပိုင်းမှာတော့ Nividia’s GeFoce GTX 1080 ကိုပဲ ဆက်လက်အသုံးပြုထားပြီး၊ Processor ကတော့ 2.6GHz Intel i7-6700HQ အစား Overclock 4.3GHz အထိ ပြုလုပ်နိုင်တဲ့ 7th Gen 2.9GHz i7-7820HK Processor ကို ပြောင်းလဲအသုံးပြုထားပါတယ်။ RAM ကလည်း 32GB ပဲဖြစ်ပေမယ့် Speed ကတော့ 2,133MHz ကနေ 2,667MHz ဖြစ်သွားတာ တွေ့ရပါတယ်။

                ယခု Razer Blade Pro ရဲ့ အဓိကထူးခြားချက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း THX Certified လုပ်ထားတဲ့ ပထမဆုံး Laptop ဆိုတာပါ။ ဒါပေမယ့် တကယ်ပြန်တွေးကြည့်ရင် THX ကုမ္ပဏီကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Razer က ဝယ်ယူထားတာကြောင့်၊ ဒီလက်မှတ်ရတာက အဆန်းတော့မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

                THX က စစ်ဆေးရာမှာ Razer Blade Pro ရဲ့ Screen ကို ကာလာတိကျမှု၊ Resolution ပြတ်သားမှု နဲ့ Video Playback Performance တို့အတွက် Calibration လုပ်၊ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုပိုင်းအပြင် Razer Blade Pro ရဲ့ အသံပိုင်းဆိုင်ရာ Audio Jack ကလည်း Voltage Output ၊ Frequency Response၊ Distortion ၊ Crosstalk ( Channel တစ်ခုက အသံ Signal က အခြား Channel တစ်ခုကို နှောင့်ယှက်မှုပမာဏ) တို့အတွက် THX ရဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံတယ်လို့ ဖော်ပြထားပါတယ်။

                တစ်ခု သတိပြုရမှာက ဒီ Laptop ရဲ့ Headphone Jack ကပဲ THX-certificed ဖြစ်ပြီး၊ Laptop မှာပါဝင်တဲ့ Speakers တွေကတော့ THX စံနှုန်းနဲ့ မဟုတ်ပါဘူး။

                တခြား Hardware ပိုင်းတွေကတော့ အရင် Blade Pro မော်ဒယ်တုန်းကလိုပဲ 4K ၁၇ လက်မ Display ဖြစ်ပြီး၊ Nvidia ရဲ့ G-Sync နည်းပညာ အသုံးပြုနိုင်မယ်။ User ကိုယ်တိုင် အရောင်ပြေးတာတွေ ဘာတွေ Customize လုပ်နိုင်မယ့် Backlit Mechanical Keyboard ပါဝင်မယ် အတူတူပါပဲ။ Touchpad ကလည်း တခြား Laptop တွေလို မဟုတ်ဘဲ၊ အရင်မော်ဒယ်လို Keyboard ဘေးမှာပဲဖြစ်တာကြောင့် ဒီဇိုင်းလည်း ဘာမှမကွာပါဘူး။ Specifications အပြည့်အစုံကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

                Razer Blade Pro 2017 မော်ဒယ်ကို ဧပြီလကနေ စတင်ရောင်းချမှာဖြစ်ပြီး၊ US မှာ ၃၉၉၉ ဒေါ်လာ နဲ့ UK မှာ ၃၇၉၉ စတာလင်ပေါင် ရှိမှာပါ။

References
PC World Razer
About Author
Assinged Tags
Razer Razer Blade Pro THX Gaming Laptop Laptop Nvidia
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed