Robin စမတ်ဖုန်းကုမ္ပဏီကို ဝယ်ယူပြီး ဖုန်းစျေးကွက်ထဲ ဝင်ရောက်လာတော့မယ့် Razer

date_range 20 February 2017

Robin စမတ်ဖုန်းကုမ္ပဏီကို ဝယ်ယူပြီး ဖုန်းစျေးကွက်ထဲ ဝင်ရောက်လာတော့မယ့် Razer

visibility 2390 Views

                အမေရိကန်အခြေစိုက် နာမည်ကြီးဂိမ်းမင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer ဟာ Cloud စနစ်သုံး Robin ဖုန်း ထုတ်လုပ်သူကုမ္ပဏီ Nextbit ကို တိတ်တဆိတ်ဝယ်ယူလိုက်ပါပြီ။

                Robin စမတ်ဖုန်းဟာ Kickstarter ပရောဂျက်ကနေ ရန်ပုံငွေ ဒေါ်လာ ၁.၃ သန်းကျော်ရရှိကာ ထုတ်လုပ်ခဲ့တဲ့ Android စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ ရိုးရှင်းလှပတဲ့ဒီဇိုင်း၊ ကောင်းမွန်တဲ့ Specs ၊ သက်သာတဲ့စျေးနှုန်းတို့ကြောင့် လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းတစ်လုံးပါ။ Robin ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ Storage ပိုင်းအတွက် Cloud 100GB နဲ့ Onboard 32GB တို့ကို ပူးတွဲအသုံးပြုထားတာဖြစ်ပြီး၊ “Storage ပြဿနာ ဘယ်တော့မှမကြုံရမယ့်ဖုန်း” အဖြစ် နာမည်ကြီးခဲ့ပါသေးတယ်။


                    Razer အနေနဲ့ Nextbit ကုမ္ပဏီကို ငွေကြေးပမာဏ ဘယ်လောက်နဲ့ ဝယ်ယူခဲ့လဲဆိုတာကိုတော့ တရားဝင်မကြေငြာခဲ့ပါဘူး။

                    Nexbit ဟာ Razer ကုမ္ပဏီအတွင်းမှာပဲ မိုဘိုင်းဒီဇိုင်းနဲ့ အသုံးပြုမှုပုံစံပိုင်းဆိုင်ရာ သီးသန့်ဌာနအဖြစ် ဆက်လက်လည်ပတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

                    Nextbit ကို ဝယ်ယူလိုက်တာကြောင့် Razer အနေနဲ့ စမတ်ဖုန်းတွေ စထုတ်တော့မယ်လို့ သေချာပေါက်မပြောနိုင်ပေမယ့်၊ “မိုဘိုင်းဒီဇိုင်းနဲ့အသုံးပြုမှုပုံစံပိုင်းဆိုင်ရာ” ဌာနတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့တာကိုကြည့်ရင် နောင်တစ်ချိန်ချိန်မှာ Razer တံဆိပ်စမတ်ဖုန်းတွေကို တွေ့မြင်ရမယ်လို့ ခန့်မှန်းရပါတယ်။

                    Razer ကုမ္ပဏီဟာ လွန်ခဲ့တဲ့သုံးလလောက်တုန်းကလည်း နာမည်ကျော်အသံနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ THX ကို ဝယ်ယူခဲ့သလို၊ ဒီ့အရင်မှာလည်း Android စနစ်သုံး ဂိမ်းစက်ထုတ်လုပ်သူ Ouya ကုမ္ပဏီကို ဝယ်ယူထားပြီးဖြစ်ပါတယ်။


References
The Next Web Razer Nextbit
About Author
Assinged Tags
Razer
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed