Under-Display Fingerprint Scanner သုံး Vivo X20 Plus UD နဲ့ ပက်သတ်တဲ့ အချက်အလက်များ TENNA ကတစ်ဆင့် ပေါက်ကြား

date_range 17 January 2018

Under-Display Fingerprint Scanner သုံး Vivo X20 Plus UD နဲ့ ပက်သတ်တဲ့ အချက်အလက်များ TENNA ကတစ်ဆင့် ပေါက်ကြား

visibility 1280 Views

                ပြီးခဲ့တဲ့ CES 2018 မှာ Under-Display Fingerprint Scanner သုံး ရှေ့ပြေးမော်ဒယ်လ် စမတ်ဖုန်းတစ်လုံးကို Vivo က ပြသသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံ TENNA ကတစ်ဆင့် Under-Display Fingerprint Scanner သုံး စမတ်ဖုန်းတစ်လုံး ဖြစ်လာမယ်လို့ ခန့်မှန်းရတဲ့ Vivo X20 Plus UD ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါတယ်။

                Vivo X20 Plus UD စမတ်ဖုန်းဟာ အရင်နှစ်က ထွက်ရှိထားတဲ့ Vivo X20 Plus စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်မယ်လို့ ခန့်မှန်းရပြီး ဒီဇိုင်းပိုင်းမှာလည်း ကွဲပြားခြားနားမှု သိပ်မရှိပါဘူး။ ဒါပေမယ့် အရင် Vivo X20 Plus မှာလို Fingerprint Scanner ကို ဖုန်းရဲ့ ကျောဘက်မှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။ Vivo X20 Plus UD ဆိုတဲ့ နာမည်အတိုင်း “UD” က Under-Display Fingerprint Scanner ကို ကိုယ်စားပြုတယ်လို့ ခန့်မှန်းရပါတယ်။

                Specifications ပိုင်းမှာတော့ TENNA ရဲ့ ဖေါ်ပြချက်အရ Vivo X20 Plus UD မှာ ၆.၄၃ လက်မ အကျယ် FHD+ (2160x1080 Pixels) OLED Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Processor ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 660 Processor ကို အသုံးပြုသွားမှာ ဖြစ်ပြီး RAM 4GB ပါဝင်မယ်လို့ သိရပါတယ်။ Internal Storage အနေနဲ့ 128GB ပါဝင်မှာဖြစ်ပြီး microSD Card ကို 256GB ထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

                Snapdragon 660 Processor ကိုသာ အသုံးပြုသွားမှာ ဖြစ်တဲ့အတွက် Vivo အနေနဲ့ Vivo X20 Plus UD ကို Flagship စမတ်ဖုန်းအနေနဲ့ မဟုတ်ပဲ Mid-Range စမတ်ဖုန်းအဖြစ်နဲ့သာ မိတ်ဆက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကင်မရာပိုင်းမှာတော့ အရင် Vivo X20 Plus မော်ဒယ်မှာလိုပဲ ဖုန်းရဲ့အနောက်ဘက်မှာ 12MP + 5MP Dual Camera Setup ကို ဆက်လက် အသုံးပြုထားတယ်လို့ သိရပါတယ်။ Front Camera အနေနဲ့ 12MP Camera တစ်လုံးပဲ ပါဝင်မှာ ဖြစ်ပါတယ်။

                Battery ပိုင်းမှာတော့ 3800 mAh Battery ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ TENNA ရဲ့ ဖေါ်ပြချက်အရ Vivo X20 Plus UD စမတ်ဖုန်းရဲ့ အရွယ်အစားက 165.2 x 80.02 x 7.35mm ရှိမှာ ဖြစ်ပြီး ၁၈၃.၁ ဂရမ် အလေးချိန် ရှိတယ်လို့ သိရပြီး Vivo X20 Plus UD မှာ Android Nougat OS ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

                Vivo X20 Plus UD စမတ်ဖုန်းကို Black, Black Gold, Gold, Pink Gold စတဲ့ အရောင်လေးမျိုး အနေနဲ့ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Vivo X20 Plus UD နဲ့ ပက်သက်တဲ့ အချက်အလက်တွေဟာ TENNA ကနေတစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်တဲ့အတွက် အမှန်တကယ် ထွက်ရှိလာမယ်လို့တော့ ခန့်မှန်းလို့ရမှာပါ။ ဒါပေမယ့် Vivo ကတော့ Vivo X20 Plus UD ကို မိတ်ဆက်ပေးမယ့် နေ့ရက်နဲ့ ရောင်းချသွားမယ့် စျေးနှုန်းကိုတော့ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Smartphones Vivo Under Display Fingerprint Under Display Fingerprint Sensor Vivo X20
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed