ကမ္ဘာ့ပထမဆုံး Under-Display Fingerprint Sensor သုံး စမတ်ဖုန်းကို လာမယ့် ၁၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မယ့် Vivo

date_range 09 January 2018

ကမ္ဘာ့ပထမဆုံး Under-Display Fingerprint Sensor သုံး စမတ်ဖုန်းကို လာမယ့် ၁၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မယ့် Vivo

visibility 7500 Views

                လွန်ခဲ့တဲ့နှစ် ဇွန်လထဲက Vivo အနေနဲ့ Under-Display Fingerprint Sensor ဒါမှမဟုတ် In-Display Fingerprint Sensor အသုံးပြုထားတဲ့ ရှေ့ပြေးမော်ဒယ်ကို Qualcomm နဲ့ ပူးပေါင်းပြီး မိတ်ဆက်ပြသပေးခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Vivo ဟာ Qualcomm နဲ့ ဆက်လက် မပူးပေါင်း ဖြစ်တော့ပေမယ့် Under-Display Fingerprint နည်းပညာသုံး စမတ်ဖုန်း ထုတ်လုပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားခဲ့ပါတယ်။

                လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Synaptics အနေနဲ့ Under-Display Fingerprint Sensor ကို ထိပ်ထန်း စမတ်ဖုန်း ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်နေပြီဖြစ်ကြောင်း ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Synaptics အနေနဲ့ Vivo နဲ့ လက်တွဲပြီး Under-Display Fingerprint Sensor သုံး စမတ်ဖုန်းတွေကို စတင်ထုတ်လုပ်နေပြီလို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။


                အခုအခါမှာတော့ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Vivo ဟာ Under-Display Fingerprint Sensor သုံး စမတ်ဖုန်းကို CES 2018 မှာ မိတ်ဆက်သွားမှာ ဖြစ်တဲ့အကြောင်း Teaser ဓာတ်ပုံတွေနဲ့အတူ တရားဝင် ကြေငြာလိုက်ပါပြီ။ Synaptics နဲ့ Vivo ပူးပေါင်းပြီး ထုတ်လုပ်မယ့် Under-Display Fingerprint Sensor ပါတဲ့ စမတ်ဖုန်းမှာ တတ်ဆင်ထားမယ့် Fingerprint Sensor Chip ကို Clear ID FS9500 Chip လို့ အမည်ပေးထားပြီး လက်ဗွေရာကို ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက်တွေကို ဒီ Chip လေးက လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။


                ဒီ Chip လေးကို Synaptics က လွန်ခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်အကြာက တရားဝင် မိတ်ဆက် ပေးခဲ့တာဖြစ်ပြီး 18:9 နဲ့ 20:9 Ratio Display အမျိုးအစားတွေ အသုံးပြုထားတဲ့ ဖုန်းအားလုံးမှာ အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Chipset မှာပါရှိတဲ့ CMOS Sensor သေးသေးလေးကို လက်ဗွေရာဖတ်ဖို့အတွက် ဖုန်းရဲ့ AMOLED Display အောက်မှာ တိုက်ရိုက် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Under-Display Fingerprint Sensor ကိုအသုံးပြုလို့ ဖုန်း Battery ပါဝါစားနှုန်းများမှာလည်း စိတ်ပူစရာမလိုပါဘူး။ Synaptics ရဲ့အဆိုအရ Fingerprint Sensor အတွက် အများဆုံး 80mA လောက်သာ ပါဝါ အသုံးပြုမှုရှိတယ်လို့ သိရပါတယ်။

                Fingerprint Sensor ကို Display အောက်မှာထည့်ထားတာကြောင့် လက်ဗွေရာကို ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက်တွေ အရမ်းကြီး နှေးသွားမှာမျိုးကိုလည်း စိတ်ပူစရာမလိုဘူးလို့ Synaptics က ပြောထားပါသေးတယ်။ Synaptics ရဲ့ အဆိုအရ လက်ဗွေရာကို ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက်တွေအားလုံးအတွက် ၀.၇ စက္ကန့် ကြာမြင့်မယ်လို့ သိရပါတယ်။

                သာမန်ဖုန်းတစ်လုံးမှာ လက်ဗွေရာကို ဖတ်ရှု၊ စစ်ဆေးပေးမယ့် လုပ်ဆောင်ချက်တွေအတွက် ၀.၂ စက္ကန့် ကြာမှာဖြစ်ပြီး Facial Recognition လုပ်ဆောင်ချက်တွေအတွက် ၁.၄ စက္ကန့်ကြာမြင့်မှာ ဖြစ်တဲ့အတွက် Synaptics ရဲ့ Under-Display Fingerprint Sensor ဟာ အရမ်းကြီးလည်း မမြန်သလို အရမ်းကြီးလည်း မနှေးဘူးလို့ ပြောလို့တော့ ရပါတယ်။ လာမယ့် ၁၀ ရက်နေ့မှာ Vivo ရဲ့ Under-Display Fingerprint Sensor သုံး စမတ်ဖုန်းကို မြင်တွေ့ ရတော့မှာ ဖြစ်တဲ့အတွက် ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပါပဲ။

This Article is contributed by Phyo Kyaw Swar. 
References
GizChina
About Author
Assinged Tags
Smartphones Vivo Under Display Fingerprint Under-Glass Fingerprint Sensor Under Display Fingerprint Sensor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed