၆ လက်မအကျယ် 2K Display နဲ့ Face Wake Feature ပါဝင်တဲ့  Vivo X20 စမတ်ဖုန်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ မိတ်ဆက်ဖွယ်ရှိ

date_range 19 September 2017

၆ လက်မအကျယ် 2K Display နဲ့ Face Wake Feature ပါဝင်တဲ့ Vivo X20 စမတ်ဖုန်းကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ မိတ်ဆက်ဖွယ်ရှိ

visibility 520 Views

                Vivo ရဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ X20 စမတ်ဖုန်းကို ဒီလ ၂၁ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။ 

                ဒီဖုန်းနဲ့ ပတ်သက်ပြီးတော့ အရင်တစ်ပတ်တည်းက  Vivo က စပွန်ဆာအဖြစ် ပါဝင်တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ပိုစတာဓာတ်ပုံတွေလည်း ပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။


                ဒီတစ်ခါတော့ ဖုန်းကိုထည့်သွင်းဖြန့်ချိမယ့် စက္ကူဘူးရဲ့ ဓာတ်ပုံထွက်ပေါ်လာတာဖြစ်ပြီး၊ Snapdragon 660 Chipset နှင့် 6 လက်မ 2K Display ပါမယ်လို့ အတည်ပြုနိုင်သလောက် ရှိသွားပါပြီ။


                တခြားထူးခြားတဲ့ Features တွေအနေနဲ့ Face Wake Feature အပြင်၊ 18:9 Aspect Ratio နဲ့ 2K Display ပါမယ်ဆိုပြီး စက္ကူဘူးပေါ်မှာ ဖော်ပြထားပါသေးတယ်။ Face Wake ဆိုတာတော့ Apple ရဲ့ Face ID လိုမျိုး ဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။ သေသေချာချာတော့ မသိရသေးပါဘူး။ ပြီးတော့ Game Engine လို့ခေါ်တဲ့ Feature အသစ်တစ်မျိုးလည်း ပါလာမှာဖြစ်ပြီး၊ ဒီ Feature က ဘယ်လိုအလုပ်လုပ်မလဲ၊ ဘာတွေထူးခြားမလဲဆိုတာကိုလည်း လက်ရှိအချိန်ထိတော့ မသိရသေးပါဘူး။

                Vivo X20 ဆိုပြီး ထွက်ပေါ်ခဲ့တဲ့ Video မှာတော့ ဒီဖုန်းကို ထောင့်ပေါင်းစုံကနေ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဖုန်းရဲ့ အနောက်ဖက်မှာ Dual Camera ပါတာတွေ့ခဲ့ရပြီး 12MP+ 5MP Set Up နဲ့ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ Video ထဲမှာ နောက်ကင်မရာနှစ်လုံးကို အလျှားလိုက်နေရာချထားပြီး၊ Fingerprint Sensor ကိုတော့ ကင်မရာတွေအောက်မှာ ထည့်သွင်းထားတာကိုလဲ တွေ့ခဲ့ရပါသေးတယ်။ ရှေ့ဘက်မှာတော့ ကျဉ်းမြောင်းတဲ့  ဘေးဘောင်ပါးပါးလေးတွေ ထည့်သွင်းပေးထားပါတယ်။

                ဒီဖုန်းမှာ 4GB RAM၊ Internal Storage 128 GB အပြင် 3170mAh Battery ပါလာမှာပါ။ ဈေးအနေနဲ့ကတော့ USD 458 ပတ်လည်လောက်ရှိနိုင်ပြီး၊ Android Nougat တပါတည်းပါလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

                X20 ဖုန်းကို အမည်းရောင်၊ ငွေရောင် နဲ့ Rose Gold အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး၊ X20 နဲ့အတူ Vivo X20A ကိုပါ တပါတည်း မိတ်ဆက်သွားလိမ့်မယ်လို့လည်း ကြားနေရပါတယ်။

                Hi-Fi လို့ဖော်ပြထားတာပါတွေ့ရပြီး Vivo ဖုန်းတွေဟာ သီချင်းကြိုက်သူတွေအတွက် Audio ပိုင်းမှာ DAC chips တွေပါလာတတ်တာမို့ ဒီဖုန်းမှာလည်း ပါလာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

This Article is Contributed by YLin
References
India Today Gizbot
About Author
Assinged Tags
Smartphones Vivo 2K Display Vivo X20 Face Wake
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed