Android One ဖုန်းအဖြစ်ထွက်လာမယ့် HTC U11 Life ရဲ့ အချက်အလက်များထွက်ပေါ်လာ

date_range 22 October 2017

Android One ဖုန်းအဖြစ်ထွက်လာမယ့် HTC U11 Life ရဲ့ အချက်အလက်များထွက်ပေါ်လာ

visibility 1720 Views

                HTC က နိုဝင်ဘာလ (၂) ရက်နေ့မှာ မိတ်ဆက်လာမယ့် ဖုန်းနှစ်မျိုးထဲက HTC U11 Plus ဖြစ်နိုင်တဲ့ ဖုန်းရဲ့ဒီဇိုင်းပုံစံကို မနေ့ကတွေ့ရှိခဲ့ရသလိုပဲ၊ ကျန်တဲ့ဖုန်းတစ်မျိုးဖြစ်တယ့် HTC ရဲ့ပထမဆုံး Android One ဖုန်း 'HTC U11 Life' ရဲ့ အချက်အလက်တွေ ဒီနေ့ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ Google ရဲ့ Android One အကြောင်းကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

                ဒီအချက်အလက်တွေကိုတော့ Roland Quandt for winfuture.de website နဲ့ အမည်မဖော်ပြနိုင်တဲ့ သတင်းအရင်းအမြစ်တွေက ရရှိခဲ့တာပါ။ အရင်ကတည်းက Quandt website က ပေါက်ကြားမှုတွေဟာ မှန်ကန်တတ်သလို ယခုပေါက်ကြားမှုမှာလည်း နဂိုက ဒီဖုန်းအတွက် ထွက်ရှိထားတာတွေနဲ့ တော်တော်များများတူညီနေတာ တွေ့ရပါတယ်။ ပေါက်ကြားမှုတွေအရ HTC U11 Life မှာ 

  1. 1080p resolution နဲ့ ၅.၂ လက်မမျက်နှာပြင်
  2. Octa-core Snapdragon 630 Chipset
  3. RAM 3GB l Internal memory 32 GB အပြင် MicroSD card စိုက်ပြီး memory ထပ်တိုးနိုင်တဲ့ SD card slot
  4. 16 MP selfie ကင်မရာl RAW format နဲ့ပါရိုက်ကူးနိုင်မယ့် 16 MP နောက်ကင်မရာ
  5. 2,600 mAh Battery နဲ့ ရေစိမ်ခံမှုအတွက် IP67 Certification တွေအပြင်
  6. Android Oreo ပါဝင်မှာပါ။

                HTC U11 Life ရဲ့ ဒီဇိုင်းကိုတော့ နာမည်ကြီးမိုဘိုင်းသတင်းထောက်တစ်ဦးဖြစ်တဲ့ Evan Blass က ထုတ်ပြပြီးဖြစ်လို့၊ ဖုန်းဒီဇိုင်းကတော့ သေချာသလောက်နီးပါး ရှိသွားပါပြီ။

                မျက်နှာပြင်ကိုတော့ Gorilla Glass နဲ့ဖုံးထားပြီး USB Type C၊ Bluetooth 5.0 တွေအပြင် NFC လည်း ပါဝင်မှာပါ။ ဒါပေမယ့် 2017 ထွက်ဖုန်းအများစုလိုပဲ Headphone Jack တော့ ပါဝင်မှာမဟုတ်ပါဘူး။ အရင်ပေါက်ကြားမှုတွေတည်းက ပါမယ်လို့ သတင်းထွက်ခဲ့တဲ့ ဘေးဘောင်တွေညှစ်ပြီးအသုံးပြုနိုင်တဲ့ Edge Sense Technology အပြင် U11 နဲ့အတူ ဒီနှစ်အစမှာ ထွက်ရှိထားတဲ့ Active Noise Cancellation နဲ့ USonic Headphones တွေ တပါတည်းထည့်ပေးထားပါလိမ့်မယ်။

                ဒီဖုန်းတွေကိုတော့ Ice White နဲ့ Sapphire Blue ဆိုပြီး ကာလာနှစ်မျိုးရနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် Euro 400 (USD 472) ပတ်ချာလည်လောက်နဲ့ ထွက်လာလိမ့်မယ်လို့ Quandt ကခန့်မှန်းဖော်ပြထားပါသေးတယ်။

                Android Security Update တွေ မြန်မြန်ရနိုင်မယ့် နောက်ဆုံး Stock Android Version ပါဝင်မယ့် HTC ဖုန်းကို ဒေါ်လာငါးရာအောက်နဲ့ ရနိုင်မယ်ဆိုတော့ စိတ်ဝင်စားစရာတော့ကောင်းသားဗျ။ ရှေ့လာမယ့်အပတ်ထဲမှာလည်း HTC U11 အတွက် အချက်အလက်တွေ ထပ်ထွက်လာနိုင်ပါသေးတယ်။ ခင်ဗျားရော HTC U11 Life ကို ဘယ်လိုမြင်လဲဗျ။ တန်တယ်လို့ထင်လား။ Comment မှာ ခင်ဗျားရဲ့အမြင်လေးလည်း ရေးပေးသွားပါဦး။

This Article is Contributed by YLin
References
Android Authority
About Author
Assinged Tags
Smartphones HTC Android One U11 Life
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed