18:9 Display ပါဝင်လာမယ့် OnePlus 5T ကို နို၀င်ဘာလထဲမှာ မိတ်ဆက်လာဖွယ်ရှိ

date_range 10 October 2017

18:9 Display ပါဝင်လာမယ့် OnePlus 5T ကို နို၀င်ဘာလထဲမှာ မိတ်ဆက်လာဖွယ်ရှိ

visibility 940 Views

                ကျွန်တော်တို့အနေနဲ့ Flagship Killer လို့အမည်ပေးခံထားရတဲ့ OnePlus 5 ကို လွန်ခဲ့တဲ့ ဇွန်လလောက်တုန်းက OnePlus ကုမ္ပဏီကနေ မိတ်ဆက်ပေးခဲ့ပါတယ်။ Snapdragon 835 SoC အသုံးပြုထားပြီး၊ RAM 6GB/8GB ပါဝင်တဲ့ OnePlus 5 ဟာ Performance ပိုင်းမှာလည်းအထူးကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်နေတဲ့အပြင် Dash Charge ဟာလည်း Samsung Galaxy S8 ထက်တောင်မှ ပိုမိုမြန်ဆန်နေတာကို သိရှိခဲ့ကြပြီးဖြစ်မှာပါ။

                OnePlus အနေနဲ့ ယခင်နှစ်တုန်းက OnePlus 3 ကို ဇွန်လမှာမိတ်ဆက်ပေးခဲ့ပြီး၊ OnePlus 3T ကိုတော့ နိုဝင်ဘာလလောက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ OnePlus 3 မှာတော့ Snapdragon 820 SoC နဲ့အတူ Battery 3000 mAh ပါဝင်ခဲ့ပြီး၊ OnePlus 3T ကိုမိတ်ဆက်ခဲ့တုန်းက Snapdragon 821 SoC ကိုပြောင်းလဲအသုံးပြုခဲ့သလို Battery ကိုလည်း 3400 mAh အထိတိုးမြှင့်ခဲ့ပါတယ်။ 

                ယခုနှစ်မှာလည်း မနှစ်ကတုန်းကပုံစံအတိုင်း OnePlus အနေနဲ့ OnePlus 5T ကိုမိတ်ဆက်ပေးလာဖွယ်ရှိတယ်လို့ ကောလာဟလတွေထွက်ရှိထားပါတယ်။ ကောလာဟလတွေအရ OnePlus 5T ဟာ မျက်နှာပြင်အကျယ်အ၀န်း ၆ လက်မရှိပြီး 2160 x 1080 Resolution  ထောက်ပံ့ပေးနိုင်တဲ့ 18:9 Aspect Ratio Display ပါဝင်လာမှာဖြစ်ပါတယ်။ OnePlus 5 တုန်းကတော့ မျက်နှာအပြင်အကျယ်အ၀န်း ၅.၅ လက်မ နဲ့ 1080p Display ကို 16:9 Aspect Ratio နဲ့ ထွက်ရှိလာခဲ့တာကြောင့် Display ပိုင်းမှာတော့ OnePlus 5T ဟာ ပိုမိုကောင်းမွန်လာဖို့ရှိတယ်လို့ ယူဆရပါတယ်။


                OnePlus 5T အတွက် Render ပုံတစ်ပုံကို Gizmochina ကနေ ရရှိခဲ့ပေမယ့်လည်း ဒီပုံဟာ OPPO F5 ပုံစံနဲ့ဆင်တူနေပြီး၊ ပုံမှာအသုံးပြုထားတဲ့ Operating System ရဲ့ UI ဟာ Oxygen OS လည်းမဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒီပုံစံဟာ OnePlus 5T ဖြစ်ပါတယ်လို့ အတိအကျတော့မဆိုနိုင်သေးပါဘူး။ 

                OnePlus 5T ဟာ မနှစ်ကတုန်းကထွက်ရှိခဲ့တဲ့ OnePlus 3T လိုမျိုး Processor Upgrade တော့ပါဝင်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Qualcomm ကိုယ်တိုင်ကလည်း Snapdragon 836 SoC ကိုဆက်လက်ထုတ်လုပ်မှာ မဟုတ်လို့ပါပဲ။ ဒါကြောင့်မို့လို့ OnePlus 5T မှာ RAM နဲ့ Internal Storage ပိုများလာတာ၊ Camera ပိုမိုကောင်းမွန်လာတာနဲ့ Battery ပမာဏ ပိုမိုများပြားလာဖို့ကိုပဲ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

                လက်ရှိအချိန်မှာတော့ OnePlus 5T အတွက် သတင်းအချက်အလက်တွေလည်း မပြည့်စုံသေးသလို Specification တွေလည်းပေါက်ကြားတာမျိုးတော့ မရှိသေးပါဘူး။ ဒါတွေအားလုံးဟာလည်း အကြမ်းဖျင်းယူဆချက်တွေမို့လို့ နို၀င်ဘာလမှာ မိတ်ဆက်လာမယ့် OnePlus 5T အတွက် သတင်းအချက်အလက်တွေကို ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Android OnePlus 5 OnePlus OxygenOS OnePlus 5T
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed