Fast Charging ပိုင်းမှာ Samsung Galaxy S8 ထက် ပိုမိုမြန်ဆန်တဲ့ OnePlus 5

date_range 22 June 2017

Fast Charging ပိုင်းမှာ Samsung Galaxy S8 ထက် ပိုမိုမြန်ဆန်တဲ့ OnePlus 5

visibility 1980 Views

                OnePlus 5 စမတ်ဖုန်းကို မမိတ်ဆက်ခင်ကတည်းက ဒီ Flagship Killer လေးဟာ ဘယ်လိုမျိုး Performance မြင့်တဲ့ ဖုန်းတစ်လုံးဖြစ်လာမလည်းဆိုတာ အားလုံးကစိတ်၀င်စားနေကြပါတယ်။  OnePlus ကုမ္ပဏီကနေပြီးတော့လည်း OnePlus 5 စမတ်ဖုန်းကို မနေ့က တရား၀င်မိတ်ဆက်ခဲ့ ပြီးပါပြီ။ Dash Charge နည်းပညာပါ၀င်တဲ့ OnePlus 5 နဲ့ Adaptive Fast Charging ပါ၀င်တဲ့ Samsung Galaxy S8 ကိုယှဉ်ပြီး စမ်းသပ်ခဲ့တဲ့အခါမှာတော့ OnePlus 5 ဟာ သိသိသာသာကို ကောင်းမွန်နေတာကို တွေ့ရပါတယ်။

                နာမည်ကြီး Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy S8 မှာတော့ 3000 mAh ဘက်ထရီ ကိုအသုံးပြုထားပြီး Flagship Killer လို့ခေါ်တဲ့ OnePlus 5 မှာတော့ 3300 mAh ဘက်ထရီကိုအသုံးပြုထားပါတယ်။ Samsung Galaxy S8 ဟာ လတ်တလောမှာ Flagship စမတ်ဖုန်းတွေထဲ Popular အဖြစ်ဆုံးနဲ့ အတွင်ကျယ်ဆုံး စမတ်ဖုန်းတစ်လုံးအနေနဲ့ ရပ်တည်နေပါတယ်။ ဒါဆို Samsung Galaxy S8 ဟာ Flagship Killer ဆိုတဲ့ OnePlus 5 စမတ်ဖုန်းကို Fast Charging ပိုင်းမှာယှဉ်ပြိုင်နိုင်ပါ့မလားဆိုတဲ့ စမ်းသပ်ချက်အဖြေတွေကို Graph Presentations တွေနဲ့ ကြည့်လိုက်ကြရအောင်။


Graphy ပုံ (၁)

                အပေါ်ကပြထားတဲ့ Graph ပုံမှာတော့ Screen ကိုဖွင့်ပြီး Charging ပြိုင်သွင်းခဲ့တာမှာ Google Pixel ဟာ တစ်နာရီအတွင်းမှာ 0 ကနေ 30% အထိပဲ Charging သွင်းနိုင်ခဲ့ပြီး Samsung Galaxy S8 အနေနဲ့လည်း 0 ကနေ 53% အထိပဲ Charging သွင်းနိုင်ခဲ့ပါတယ်။ OnePlus 5 ကတော့ 0 ကနေ 97% အထိကို Screen ပွင့်ရက်နဲ့ပဲ အသာလေး Charging သွင်းပြသွားနိုင်ခဲ့ပါတယ်။ Samsung Galaxy S8 အနေနဲ့ Screen On ပြီး Charging သွင်းတဲ့နေရာမှာ Fast Charging အလုပ်မလုပ် ဘူးဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။


                အခုနောက်ထပ်ပြထားတဲ့ Graph ပုံမှာတော့ ဖုန်းသုံးလုံးစလုံးကို Video Play နေရင်းနဲ့ Charging သွင်းပြီး စမ်းသပ်ထားတာပါ။ OnePlus 5 အနေနဲ့ Video ဖွင့်ထားတာတောင်မှ တစ်နာရီအတွင်း 75% ကျော်အောင် အားသွင်းနိုင်တဲ့အခြေအနေမှာ Galaxy S8 နဲ့ Google Pixel ကတော့ 30% အထိပဲ အားသွင်းနိုင်ခဲ့ပါတယ်။


                အခုနောက်ဆုံးပြထားတဲ့ Graph မှာတော့ ဂိမ်းဆော့နေတဲ့အခါမှာ Charging ဘယ်လောက်သွင်းနိုင်လဲဆိုတာကို စမ်းသပ်ထားတာပါ။ Google Pixel နဲ့ Samsung Galaxy S8 တို့ဟာ ဂိမ်းဆော့နေရင်း အားသွင်းတဲ့အခါ တစ်နာရီအတွင်းမှာ 50% မရောက်တရောက် အခြေအနေအထိပဲ အားသွင်းနိုင်ခဲ့ပါတယ်။ OnePlus 5 ရဲ့ Dash Charge ဟာတော့ ဂိမ်းဆော့နေရင်း တစ်နာရီအတွင်းမှာပဲ 80% လောက်ထိရောက်အောင် အားသွင်းနိုင်တာကိုတွေ့မြင်ရမှာပါ။


                 အခုနောက်ဆုံးပြထားတဲ့ Video မှာတော့ OnePlus 5 (ဘယ်ဘက်) နဲ့ Samsung Galaxy S8 (ညာဘက်) ဖုန်းနှစ်လုံးကို Power ပိတ်ပြီး အားသွင်းပြထားတာပါ။ အားသွင်းပြီး ၁၅ မိနစ်ကြာတဲ့အခါ Video မှာပြထားတဲ့အတိုင်း OnePlus 5 ဟာ 29% (Charging ၀င်ထားပြီး Galaxy S8 မှာတော့ 20% လောက်ပဲ Charging ၀င်ပါတယ်။ နာရီ၀က်ကြာတဲ့အခါ OnePlus 5 အနေနဲ့ 58% Charging ၀င်ထားတဲ့အချိန်မှာ Galaxy S8 အနေနဲ့တော့ 39% လောက်ပဲ အား၀င်တာကို တွေ့ရမှာပါ။

                Flagship Killer ဆိုတဲ့နာမည်နဲ့အညီ Battery Charging ပိုင်းမှာတော့ OnePlus 5 ဟာ လတ်တလောထွက်ရှိထားတဲ့ Flagship ဖုန်းတွေထက် သာလွန်နေတာကို စမ်းသပ်ချက်တွေအရ မြင်တွေ့ရမှာပါ။ Performance ပိုင်းနဲ့ တခြား ပြဿနာတွေကိုတော့ ထွက်ရှိထားတာ သိပ်မကြာသေးလို့ မမြင်တွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း စမတ်ဖုန်းတိုင်းဟာ အားနည်းချက်နဲ့မကင်းတာမို့ OnePlus 5 ဟာ Flagship စျေးကွက်ထဲမှာ ဘယ်လိုပြိုင်ဆိုင်နိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

References
Android Community
About Author
Assinged Tags
Samsung Google Android Samsung Galaxy S8 Android Smartphones Android Phone Fast Charging related OnePlus 5 OnePlus Google Pixel Dash Charge Adaptive Fast Charge Fast Charge
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed