ဘောင်မဲ့ Display နဲ့ Huawei Mate 10 Pro ရဲ့ ဒီဇိုင်းဓာတ်ပုံများ ထွက်ပေါ်လာ

date_range 02 October 2017

ဘောင်မဲ့ Display နဲ့ Huawei Mate 10 Pro ရဲ့ ဒီဇိုင်းဓာတ်ပုံများ ထွက်ပေါ်လာ

visibility 1200 Views

                Huawei ကနေ Mate Series ဖုန်းအသစ်တစ်လုံးဖြစ်လာမယ့် Huawei Mate 10 စမတ်ဖုန်းကို လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ တရားဝင်ကြေငြာတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြသခဲ့တဲ့ AI Built-in ပါဝင်တဲ့ Kirin 970 Processor ကို အသုံးပြုလာမယ်ဆိုတာကို အတည်ပြုပြီးဖြစ်ပါတယ်။

                အခုအချိန်မှာတော့ Huawei Mate 10 Pro လို့ ယုံကြည်ရတဲ့ ဒီဇိုင်းပုံတွေကို နာမည်ကြီး Source တစ်ခုဖြစ်တဲ့ EVLeaks ကနေ ပေါ်ထွက်လာပါပြီ။

                အခုထွက်ပေါ်လာတဲ့ ဒီဇိုင်းပုံတွေအရတော့ Huawei Mate 10 Pro ဟာ အခုလက်ရှိ High End Phone တွေမှာ ခေတ်စားလာတဲ့ 18:9 Ratio Bezel-less Display ကို အသုံးပြုလာမှာဖြစ်ပြီး ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ခြေမှာပဲ သေးငယ်တဲ့ဘောင်တွေ ရှိတော့မှာဖြစ်ပါတယ်။


                အနောက်ဖက်မှာတော့ Fingerprint Scanner နဲ့ Dual Camera တွေကို တွေ့မြင်ရပြီး ကင်မရာနေရာကို အခြားနောက်တစ်ရောင်နဲ့ ပြုလုပ်ထားတာက Mate 10 ရိုးရိုးမဟုတ်ပဲ Pro ဖြစ်နေတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။ 


                ကင်မရာပိုင်းအနေနဲ့တော့ LEICA Lens တွေကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီး အနောက်ဘက် Primary Lens တွေက 12 MP နဲ့ 20 MP ကိုယ်စီရှိမှာဖြစ်ပါတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Mate 10 Pro ဖုန်းရဲ့ Back Camera Lens ၂ ခုစလုံးက ကြီးမားတဲ့ f1.6 Aperture ပါဝင်မယ်လို့ သိရပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 8 MP ပဲ တပ်ဆင်ထားမှာဖြစ်ပါတယ်။ 

                Huawei Mate 10 Smartphone ကို Mate 10 Pro, Mate 10 နဲ့ Mate 10 Lite ဆိုပြီး ၃ မျိုးခွဲပြီး ထုတ်လုပ်သွားမယ်လို့ သတင်းရရှိထားပြီး၊ မော်ဒယ်တစ်ခုနဲ့ တစ်ခုဘယ်လောက်ထိ ကွာခြားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

                Huawei Mate 10 ဖုန်းဟာ Android စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ AI Processing ကို CPU Processor မှာပဲ ပြုလုပ်မှာဖြစ်တဲ့အတွက် AI Assistant ပိုင်းမှာလည်း အကောင်းဆုံးဖြစ်လာမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ယခင်တစ်ခါက ထွက်ရှိထားခဲ့တဲ့ Teaser Video လိုမျိုး Apple ကို ကျော်နိုင်တဲ့ Real AI Phone ဖြစ်လာမလား ဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာပါ။

References
Android Police
About Author
Assinged Tags
Android Huawei Smartphone Leaks Android Smartphones Huawei Mate 10 Huawei Mate 10 Pro Mate 10 Pro Mate 10
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed