Google Assistant ပါဝင်လာနိုင်တဲ့ Bose Noise Cancelling Headphone

date_range 15 September 2017

Google Assistant ပါဝင်လာနိုင်တဲ့ Bose Noise Cancelling Headphone

visibility 260 Views

                Google ကနေ Google Assistant ပါဝင်တဲ့ Headphone တစ်ခုကို ထုတ်လုပ်နေတဲ့ ကောလဟာလတွေ ထွက်ရှိခဲ့ပြီးနောက်၊ အခုအချိန်မှာတော့ နာမည်ကြီး Headphone ထုတ်လုပ်သူဖြစ်တဲ့ Bose ကလည်း သူရဲ့ အောင်မြင်တဲ့ Noise Cancelling Headphone တစ်ခုဖြစ်တဲ့ Quiet Comfort 35 Second Generation မှာ Google Assistant ထည့်သွင်းထုတ်လုပ်သွားဖို့ရှိတယ်လို့ ဓာတ်ပုံနဲ့တကွ သတင်းထွက်ပေါ်လာပါတယ်။


                အဆိုပါ Bose Quiet Comfort 35 II ဖြစ်လာမယ့် Headphone မှာ Google Assistant အတွက် Action Button ပါဝင်လာမှာဖြစ်ပြီး၊ အဆိုပါခလုတ်ကို နှိပ်ပြီး Google Assistant ကို ပုံမှန်အတိုင်း သိချင်တာတွေမေးတာ၊ Messages တွေဖတ်ခိုင်းတာ၊ Message ပို့တာ၊ သီချင်းအပုဒ်ရေ ကျော်တာတို့ အသံအတိုးအကျယ်တို့ကို Google Assistant ကနေတစ်ဆင့်ခိုင်းစေနိုင်မှာဖြစ်ပါတယ် ။

                အဆိုပါ Bose Quiet Comfort 35 II Headphone ဟာ Bluetooth နဲ့ အသုံးပြုရမှာဖြစ်ပြီး Android Devices တွေပဲ အသုံးပြုနိုင်မှာမဟုတ်ပဲ Apple Devices တွေနဲ့ပါ အသုံးပြုနိုင်တဲ့အတွက် Apple Devices တွေနဲ့အသုံးပြုမယ်ဆိုရင်၊ Device မှာ Google Assistant သွင်းထားမှ Google Assistant ကို Action Button နှိပ်ပြီး အသုံးပြုရမှာလား ဒါမှမဟုတ်ရင် Action Button ကို နှိပ်လိုက်ရင် Apple Siri ကိုပဲ ခေါ်ဆိုပေးမလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

            အခုလိုမျိုး Bose Quiet Comfort 35 II ဟာ ယခင် Quiet Comfort 35 လိုပဲ လက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံးသော Noise Cancelling စနစ်ကို ပေးစွမ်းနိုင်တဲ့အပြင် Software Update တွေနဲ့ အတူ ပိုပြီးကောင်းလာတာဖြစ်ပါတယ်။ ဒါပေမယ့် Quality အရတော့ Quiet Comfort 35 ယခင် Series နဲ့ အများကြီးကွာခြားမှာမဟုတ်ပဲ Google Assistant ပါဝင်လာမှာဖြစ်တဲ့အတွက် Battery အနည်းငယ်ပိုပြီး ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ 

                Google ကနေ Google Assistant ပါဝင်တဲ့ Headphone ထွက်လာဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပြီး Bose Quiet Comfort 35 II ကပဲ လောလောဆယ် အရင်ထုတ်လာမလား? Google ကိုယ်တိုင်ကပဲ Apple AirPods ကို ယှဉ်ပြိုင်လို့ရမယ့် Google Assistant ပါဝင်တဲ့ Earphones တစ်ခုကိုပါ ထုတ်လုပ်လာမလားကတော့ Google Pixel နဲ့အတူ ကြေငြာဖို့များတဲ့အတွက် လာမယ့်အောက်တိုဘာလ ၄ ရက်နေ့ မှာ သိရတော့မှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Google Assistant AirPods Google Assistant Headphone Bose Quiet Comfort 35 II Bose Headphone Noise Cancelling Headphone
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed